Tuesday, September 30, 2025

🌸“ဝ” တောင်ပိုင်းတွင် ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းခန့်ကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံ

.

မိုင်းတုံ၊ စက်တင်ဘာ ၃၀

.

“ဝ” တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသအတွင်းရှိ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ သန်းခန့်ကို ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်က မိုင်းတုံမြို့နယ်၊ ဟွေအောဒေသ၌ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

.

.

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို “ဝ” တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသ မူးယစ်တိုက်ဖျက်ရေး အဖွဲ့က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဝ” တောင်ပိုင်း မူးယစ်တိုက်ဖျက်ရေးအထူးအဖွဲ့က ဇူလိုင်လ ၆ ရက်တွင် ပုလုံရွာအနီးတစ်ဝိုက်၌ စိတ်ကြွ ဆေးပြား ၁,၅၀၀,၈၂၈ ပြား ကိုလည်းကောင်း၊ ဩဂုတ်လ ၁ ရက်တွင် မယ်ကျန့်ရွာအနီး ၌ စိတ်ကြွ ဆေးပြား- ၁၉၀၀၀၀၀ ကိုလည်းကောင်း၊ ဩဂုတ်လ ၂၈ ရက်တွင် ပုံပါကျင်မြို့နယ်၊ ပါတဲ့ (ခ) ဝမ်နိုင်ရွာလမ်းခွဲ၌ ၅၆၉၀၀၀၀ ကိုလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်က ထိုင်း-မြန်မာ နယ်စပ်၊ နောင်ဝမ်းရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၉၀၀၀၀ ကိုလည်းကောင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) အနေဖြင့် ယခုကဲ့သို့ သက်ဆိုင်ရာ အစိုးရ ရဲတပ်ဖွဲ့ထံသို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းအပ်နှံမှုမှာ ၂၄ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

.

Photo – Nyi Rang

.

#ShanGazette #MongTon

.

No comments:

Post a Comment