Tuesday, September 30, 2025

🌸 တောင်ကြီးမြိုပေါ်တွင် ကုန်တင်တွဲယာဉ်များဖြတ်သန်းချိန် ယာဉ်တိုက်မှုအန္တရာယ် စိုးရိမ်နေရ

.

တောင်ကြီး၊ စက်တင်ဘာ ၂၉

.

.

တောင်ကြီးမြိုပေါ်တွင် ကုန်တင်ယာဉ်များ၊ တွဲယာဉ်များ ဖြတ်သန်းသွားလာချိန်များ၌ ယာဉ်ကြော ပိတ်ဆိုမှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး ယာဉ်တိုက်မှုအန္တရာယ်အတွက် စိုးရိမ်နေရကြောင်း မြိုပေါ်နေ ပြည်သူများထံကသိရသည်။

.

ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာသည့် ညနေ ၅ နာရီနောက်ပိုင်းအချိန်များတွင် အနောက်မြိုပတ် လမ်းတစ်လျှောက် မြေပုံလမ်းဆုံမှ ဧရာ၀တီလမ်းဆုံအထိ ယာဉ်ကြောပိတ်ဆိုမှုများဖြစ်ပေါ်တတ်ပြီး ကုန်တင်ယာဉ်မောင်းအချို၏ စည်းကမ်းမဲ့မောင်းနှင်မှုအပြင် မြိုတွင်း လမ်းအသုံးပြုသူအချို၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများကြောင့် မလိုလားအပ်သည့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေကြောင်းသိရ သည်။

.

“ညနေ ၅ နာရီနောက်ပိုင်းဆို ထုံးဖိုဘက်ကတက်လာတဲ့ တွဲကားတွေနဲ့ လေးမိုင်ဂိတ်ဘက်က ကားတွေက တစ်ချိန်တည်းလွှတ်လိုက်တော့ မြိုထဲကလမ်းပေါ်မှာ ကားတွေကျပ်ကုန်တာပေါ့။ လမ်းကလည်း အနောက်မြိုပတ်လမ်း တစ်ခုတည်းသုံးကြတာဆိုတော့ ပိုဆိုးတာပေါ့။ လမ်းနည်းနည်းကျယ်တဲ့နေရာ သိပ်မသိသာပေမဲ့ လမ်းကျဉ်းတဲ့နေရာတွေမှာ ကားတိုက်မှုတွေ မကြာခဏ ဖြစ်ကြတယ်။ အဓိက ကတော့ ဆိုင်ကယ်သမားတွေပေါ့။ မှားတာမှန်တာနောက်ထား ဖြစ်ရင် ဆိုင်ကယ်သမားတွေက နစ်နာတာ များတယ်။ သတိပြုဖိုပဲ အကြံပြုချင်ပါတယ်” ဟု အနောက်မြိုပတ်လမ်းဘေးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြိုပေါ်တွင် အဓိကလမ်းမကြီး ၃ ခုရှိ သော်လည်းကုန်တင်ကားကြီးများ၊ တွဲယာဉ်များသည် အနောက်မြိုပတ်လမ်းတစ်ခုတည်းသာ မောင်းနှင်နေကြရသည့်အတွက် ယာဉ်ကြောကြပ်တည်းမှုနှင့် ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

.

“တချိုကုန်တင်ကားကြီးတွေက မြိုတွင်းလမ်းပေါ်ကို အရှိန်နဲ့ မောင်းကြတယ်။ တချိုကားငယ်တွေ၊ ဆိုင်ကယ်သမားတွေကလည်း စည်းကမ်းပျက်မောင်းနေကြတော့ မလိုအပ်တဲ့ ယာဉ်တိုက်မှုတွေ ဖြစ်တယ် ပြောရမှာပေါ့။ ယာဉ်မောင်းတွေအနေနဲ့ ဆင်ခြင်ဖိုလိုအပ်သလို သက်ဆိုင်ရာကလည်း ကြပ်မတ်ပေးဖို လိုပါတယ်" ဟု ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.



တောင်ကြီးမြိုနယ် အေးသာယာစက်မှုဇုန်ဘက်မှ ဖောက်လုပ်ထားသည့် မြိုရှောင်လမ်းမှာလည်း အတက်အဆင်းမတ်စောက်သည့်အတွက် သွားလာရန် အဆင်မပြေဘဲ ကုန်တင်ယာဉ်ကြီးများ၊ တွဲယာဉ်များသည် အနောက်မြိုပတ်လမ်းကိုသာ အသုံးပြုသွားလာနေကြခြင်းဖြစ်သည်။

.

#ShanGazette #Taunggyi

.

No comments:

Post a Comment