.
.
ရှမ်းဂေဇက်မီဒီယာ (Shan Gazette Media) အနေဖြင့် အောက်ပါ မူဝါဒများအတိုင်း သတင်းများကို ရေးသား ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ပါသည်-
၁။ ရှမ်းဂေဇက်မီဒီယာ
(Shan Gazette Media) အနေဖြင့် တည်ဆဲဥပဒေများ၊
သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်များအပြင် နိုင်ငံတော်အစိုးရ၊
ရှမ်းပြည်နယ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ
သတင်းမီဒီယာကောင်စီတို့မှ ချမှတ်ထာားသော အမိန့်နှင့် ညွှန်ကြားချက်များကို
လိုက်နာ၍ ရေးသား ထုတ်လွှင့် တင်ဆက်သွားမည်။
၂။ သတင်းမီဒီယာ
ပီသစွာဖြင့် ဘက်လိုက်မှုကင်းကင်းဖြင့် တိကျမှန်ကန်၍ အဆိပ်အတောက်ကင်းသော
သတင်းအချက်အလက်များကို စာဖတ်သူ ပြည်သူလူထုထံ သတင်းရေးသားထုတ်လွှင့် တင်ဆက်သွား
မည်။
၃။ ရှမ်းဂေဇက်မီဒီယာ
(Shan Gazette Media) ၏ ဝန်ထမ်းများ အားလုံးအနေဖြင့်
အနှောင်အဖွဲ့ မကင်းသော မည်သည့် ပြည်တွင်း၊ ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊
နိုင်ငံရေးပါတီများထံမှ ငွေကြေး နှင့် အခြားအခွင့်အရေး၊ တံစိုးလက်ဆောင်များ
ရယူသွားမည်မဟုတ်ကြောင်းကို မူဝါဒတစ်ရပ် အနေ ဖြင့် ချမှတ်ထားပါသည်။
၄။ ဘက်လိုက်မှုကင်းပြီး
သမာသမတ်ကျသော သတင်းဌာနတစ်ခုအနေဖြင့် သတင်းဌာနရေရှည်ရပ်တည် နိုင်ရေးအတွက်
တရားဝင်ရရှိထိုက်သော ကြော်ငြာထည့်ဝင်မှုများမှ ရရှိငွေကိုသာ လက်ခံရယူသွား မည်
ဖြစ်ပါသည်။
အယ်ဒီတာချုပ်

No comments:
Post a Comment