.
ညောင်ရွှေ၊ စက်တင်ဘာ ၃၀
.
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းက အင်းလေးကန် ရေပြင်အောက်သို့ နစ်မြုပ်ခဲ့သည့် အမှတ် အသားပြု ဟင်္သာတိုင်ကို ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် ပြန်လည်ဆည်ယူ ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
.
.
ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဘက်၊ မြေနီကုန်းရွာအနီးရှိ ဟင်္သာတိုင်သည် ငလျင်ဒဏ်၊ ရေဘေးဒဏ်၊ လေပြင်းဒဏ်နှင့် ကျွန်းမျောပိတ်သည့်ဒဏ်များကြောင့် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းက တိမ်းစောင်းကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဟင်္သာတိုင် ဆယ်ယူမှုကို ဆည်မြောင်းဦးစီးဌာနမှ စက်ယန္တယားများဖြင့် အကူအညီပေးခဲ့ပြီး ဒေသခံများ၏ စုပေါင်းအားဖြင့် ပြန်လည်ဆည်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊။
.
ထို ဟင်္ဿာတိုင်သည် ယခင်က ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များသည် ဟဲယာရွာမမှ ကြေးစားကုန်းသို့ ကြွချီစဉ် နစ်မြုပ်ခဲ့သည့်နေရာကို အမှတ်အသားပြု၍ ၁၉၆၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဓာတ်ပုံ - လူမှုကွန်ရက်
.
#ShanGazette #Inle
.

No comments:
Post a Comment