Sunday, January 25, 2026

🌸 တောင်ကြီးတွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

.

တောင်ကြီး၊ ဇန်နဝါရီ ၂၅

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင်ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်က ကလေးအရွယ် ယောက်ျားလေး တစ်ဦး နေအိမ်မှပျောက်ဆုံးနေ ကြောင်းသိရသည်။

.

.

အဆိုပါကလေးငယ် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ကလေးငယ်၏ အဒေါ်တော်စပ်သူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။

.

“ကလေးပျောက်နေတော့ မိဘတွေစိုးရိမ်သလို ကျွန်မတို့လည်း သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ ပူပန်ရ တာပါပဲ။ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးပြန်တွေ့ပါစေလို့ ဆုတောင်းပေးနေပါတယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ဒေသခံတစ်ဦးက ရှမ်းဂေဇက်သို့ ပြောသည်။

.

ကလေးငယ်သည်  ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်၊ နေ့လယ်ပိုင်းက မုန့်ဝယ်စားထွက်စဉ် ကျောင်းကြီးစု ရပ်ကွက်၊ ဝါးပြားနယ်မြေအတွင်း ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းနှင့် ကလေးငယ်ကို တွေ့ရှိသူများ အနေဖြင့် ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း ကျောင်းကြီးစု ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်မျှဝေထားသည်။

.

ပျောက်ဆုံးနေသော ကလေးငယ်ကို တွေ့ရှိသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၂၅၈ ၇၆၉ ၂၇၉ သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် ကလေးငယ်၏ အဒေါ်တော်စပ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်

.

#ShanGazette #Taunggyi #လူပျောက်

.

No comments:

Post a Comment