.
အောင်ပန်း၊ ဇန်နဝါရီ ၂၆
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊
အောင်ပန်းမြို့ရှိ သစ္စာမဂ္ဂင်စေတီတော်နှင့် မဟာ ရွှေဘုရင်ဘုရားကြီး၏ ဆဋ္ဌမအကြိမ်မြောက်
ဗုဒ္ဓပူဇနိယပူဇော်ပွဲကို အဆိုပါ စေတီတော်ဝင်းအတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.ဗုဒ္ဓပူဇနိယပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် အမျိုးသား/အမျိုးသမီး
ဝိုင်းခြင်းအလှခတ်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်အဖိတ်နေ့၊
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ စနေနေ့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး နိဗ္ဗာန်ဈေးကို
နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကာ နိဗ္ဗာန်ဈေး ပြုလုပ် လိုသူများအနေဖြင့်
မိမိအစီအစဉ်ဖြင့် ကျွေးမွေးဧည့်ခံနိုင်ကြောင်း သိရသည်။
.
ထို့အပြင် တပို့တွဲလပြည့်နေ ဖြစ်သော ဖေဖော်ဝါရီလ
၁ ရက်နေ့တွင် ရှားမီးပူဇော်ခြင်း၊ မီးကြာဇံ လှည့်လည် ပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊
ထမနဲ၊ ယာဂု ဇာဂ ကျွေးမွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကာ ထမနဲ/ ယာဂုအတွက် ကောက်ညှင်းဆန်
တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ သစ္စာမဂ္ဂင်ရွှေစေတီနှင့် မဟာရွှေဘုရင်ဘုရားကြီး၏
ဗုဒ္ဓပူဇနိယပွဲတော်ကို မိုးကုတ်ရိပ်သာ အကျိုးတော်ဆောင်အဖွဲ့၏ ဦးစီးဦးဆောင်မှုဖြင့်
နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုနှစ်တွင် ၆ နှစ် ရှိပြီဖြစ်ကာ ဗုဒ္ဓပူဇနိယပွဲတော်တွင်
အောင်ပန်းနယ်တစ်ဝိုက်ရှိ ဒေသခံ တိုင်းရင်းသားများက မဟာရွှေဘုရင် ဘုရားကြီးကို ဆီမီးပူဇော်မှုများ
ပြုလုပ်ကြကြောင်း သိရသည်။
.
#ShanGazette #AungBan
.

No comments:
Post a Comment