.
တာချီလိတ်၊ ဧပြီ ၃၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ
ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးသွားသော နေအိမ်များမှ ပြည်သူများအတွက်
ယနေ့ ဧပြီလ ၃၀ ရက်က ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အဖွင့်အမှာစကားပြောကြားပြီး
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်နန့်ပေါ်လင်းက နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအား
ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း
ပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများက လေဘေးသင့်ပြည်သူ ၂၁ ဦးတို့အား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

