Monday, May 18, 2026

🌸 လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် စည်ပင်ဝန်ထမ်း၏ ကျန်ရစ်သူကို လူမှုဖူလုံရေး အကျိုးခံစားခွင့် ထုတ်ပေး

.

တောင်ကြီး၊ မေ ၁၈

.

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြို့နယ်စည် ပင်သာယာရေးဌာနမှ အာမခံအလုပ်သမား ဦးဝင်းမြင့်သိန်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ကို ယနေ့ မေလ ၁၈ ရက်တွင် ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း သိရသည်။

.

.

ယင်း စည်ပင်ဝန်ထမ်း ဦးဝင်းမြင့်သိန်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် စည်ပင်သာယာရေး လုပ်ငန်းခွင် အတွင်း၌ မတော်တဆမှု ဖြစ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ပြီး ယခုတွင် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ရွှေအား လူမှုဖူလုံရေးအဖွဲ့၊ ရှမ်းပြည်နယ်တာဝန်ခံ ဒုညွှန်မှူးက ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် ၁၁၈၈၀၀၀၀ ကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Sunday, May 17, 2026

🌸 ရွာငံမြို့နယ်တွင် သဲကျင်းပြိုကျပြီး ၂ ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရ

.

ရွာငံ၊ မေ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းက သဲကျင်းပြိုကျမှု ဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးတွင် ယနေ့ မေလ ၁၇ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က သဲကျင်း ပြိုကျပြီး ကျောက်သဲတူးနေသူ အမျိုးသား ၃ ဦး ပိမိနေသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၂ ဦး သေဆုံးပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 တာချီလိတ်မြို့နယ်စာရေးဆရာအသင်း (၂၇) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

.

တာချီလိတ်၊ မေ ၁၇

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂၇) နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း နာယက ဦးဇော်နိုင်ဦး(ကိုသားကြီး)က အသင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

🌸 ဟိုမိန်းတွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရန် လွှတ်တော်သို့ မေးမြန်းထား

.

လင်းခေး၊ မေ ၁၇

.

ထိုင်း-မြန်မာနယ်စပ်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်နိုင်ရေး အတွက် လွှတ်တော်သို့ မေးခွန်းမေးမြန်း တင်ပြထားသည်ဟု သိရသည်။

.

.

နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်ဖို့ မေးခွန်းမေးထားပါတယ်။ လွှတ်တော်ပထမအစည်းအဝေး မပြီးခင် မတ်လ ၂၀ ရက်က စာတင်ထားတာပါ။ လာမယ့်လွှတ်တော် အစည်းအဝေးမှာ ဖြေကြားဖို့တော့ ဝန်ကြီးဌာနတွေက အကုန်လုံးတော့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန် က ပြောသည်။

🌸 လွိုင်လင်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေး

.

လွိုင်လင်၊ မေ ၁၇

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့ ဆောင်ရွက်ရာတွင် ယမန်နေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက လွိုင်လင်မြို့နယ်၊ ပန်မုန့်ကျေးရွာအုပ်စုနှင့် ပန်ဝိုးကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၇၉ ဦးအား ရုံးသို့ဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ထုတ်ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား ဆောင်ရွက်ပေးနေမှုကို ရှမ်းပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနှင့် လွိုင်လင်ခရိုင် ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်ဥမ္မာအောင် တို့က ကြည့်ရှုအားပေးပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

#ShanGazette #LoiLem

.

Saturday, May 16, 2026

🌸 မူဆယ်တွင် ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရ ဟုဆို

.

မူဆယ်၊ မေ ၁၆

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်မှာ မူဆယ်ကားကြီးကွင်းရှိ အခန်းတစ်ခု အတွင်း ပိတ်လှောင် ခံထားရသည်ဟု သိရသည်။

.

.

“သမီးက မူဆယ်ကားကြီးကွင်းမှာ ရှိနေတယ်တဲ့။ မနေ့ညတုန်းက Viber ကနေ ဖုန်းပေးပြော တာလို့ ပြောပါတယ်။ ဒီဖုန်းက ခဏပဲ ပေးပြောတာတဲ့။ သူကတော့ အဆင်ပြေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကလေးမျက်နှာက မကောင်းပါဘူး။ အခန်းထဲမှာ ပိတ်လှောင်ခံထားရတယ်။ မေကြီးတို့လည်း လာခေါ်လို့ ရမှာမဟုတ်ပါဘူးလို့ ပြောပါတယ်” ဟု မိန်းကလေး၏ မိခင်က ပြောသည်။

🌸 တာချီလိတ်တွင် ရေမြောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ရေကြီးရေလျှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ထို့သို့ သန့်ရှင်းရေး ပြုလုပ်ရာတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ ရေမြောင်းများ အတွင်းရှိ အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နွံများရှင်းလင်းခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ UBL ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း၊ လူမှုရေး အသင်းအဖွဲ့များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Friday, May 15, 2026

🌸 နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး အရှုံးပေါ်သွားတဲ့ HONDA

.


.

ဂျပန်နိုင်ငံအခြေစိုက်၊ ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Honda ကတော့ ၁၉၅၅ ခုနှစ်ကစလို့ နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ်အရှုံးပေါ်သွားခဲ့ပါတယ်။ ဒီအခြေအနေက EV ကားထုတ်လုပ်မှုတွေကို ကား လုပ်ငန်း ကုမ္ပဏီတွေ အကြီးအကျယ်လျှော့ချနေတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်လို့တောင် ပြောရ မလားပါပဲ။

🌸 တာချီလိတ်တွင် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြု

.

တာချီလိတ်၊ မေ ၁၅

.

တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ခရိုင် လူရည်ချွန်မောင်မယ်များအား ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် မိဘများ၊ ဒေသခံပြည်သူ များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

.

.

အဆိုပါ လူရည်ချွန် ကျောင်းသား/သူများသည် နေပြည်တော်နှင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ လေလာရေးခရီး သွားရောက်ပြီး ယနေ့တွင် တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြေင်း သိရသည်။

Thursday, May 14, 2026

🌸 ရှမ်းပြည်နယ် လယ်ဖွံ့ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းက မြန်မာ့ လယ်ယာဖွံ့ဖြိုး‌ဘဏ်၊ ရှမ်းပြည်နယ်ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ် သန်းသန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လဆိုင်းက ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းတည်ဆောက်ရေးကို အထောက်အကူပြုစေရန်အတွက် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ က စတင်ပြီး နှုန်းထားတိုးမြှင့်ထုတ်ချေးမည် ဖြစ်ပြီး စပါးသီးနှံအတွက် ယခင်ကျပ်တစ်သိန်းခွဲ မှ ကျပ်သုံးသိန်း၊ အခြားသီးနှံ ၁၈ မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ ကျပ်နှစ်သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုံညှင်း၊ ဂုန်လျှော် သီးနှံ ၃ မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ တစ်သိန်းခွဲသို့ တိုးမြှင့်ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

🌸 တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ၄ နှစ်အရွယ် ကလေးငယ်ကို မိထွေးက သတ်ဖြတ် အလောင်း ဖျောက်မှု ဖြစ်ပွား

.

တောင်ကြီး၊ မေ ၁၅

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် မေလ ၁၂ ရက်က အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ကျောက်ရေအိုးလမ်းတွင် အိမ်ငှားနေထိုင်သည့် ကိုကျော်စိုးဦး ၏ ဇနီး သန္တာဝေ သည် မေလ ၁၂ ရက်၊ နေ့လယ်ပိုင်းက ခင်ပွန်းဖြစ်သူ အလုပ်သွားနေစဉ် ခင်ပွန်း၏ ယခင် ဇနီးသည် နှင့် ရရှိခဲ့သည့် အသက် ၄ နှစ်အရွယ် ကလေးငယ်အား ထမင်းကျွေးပြီး အိပ်ရန်အတွက် ချော့သိပ်ရာ ကလေး မှာ အိပ်စက်ခြင်းမပြုဘဲ အော်ဟစ်ငိုယိုနေသည့်အတွက် ဝါးခြမ်းပြားဖြင့် ၃ ချက်ခန့် ရိုက်နှက်ခဲ့ပြီး လည်ပင်း အား လက်ဖြင့်ညှစ်ခဲ့ရာ ကလေးငယ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 လပွတ္တာမှ အမျိုးသမီးငယ်တစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး မူဆယ်တွင် ပျောက်ဆုံးနေ

.

မူဆယ်၊ မေ ၁၄

.

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီး ကျေးရွာအုပ်စု၊ ပျံချီကျေးရွာနေ မခင်သီတာစန်း ဆိုသူဖြစ်ပြီး ၎င်းသည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ တစ်ဆင့် မူဆယ်တွင် လစာများသည့်အလုပ် ရမည်ဟုဆိုသဖြင့် အလုပ်လုပ်ကိုင်ရန် မူဆယ်မြို့သို့ သွားရောက်ပြီး မေလ ၁၀ ရက်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

🌸 ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

.

တောင်ကြီး၊ မေ ၁၄

.

တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၁၄ ရက်က ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။

,

.

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ခွန်ထွန်းဖြူက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်း အစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

Wednesday, May 13, 2026

🌸 ကျိုင်းတုံတွင် လူသတ်ဓားပြတိုက်မှုဖြစ်ပွားပြီး ရွှေ ၃ ပိဿာခန့် ပါသွား

.

ကျိုင်းတုံ၊ မေ ၁၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက လူသတ် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရွေထည် ၃ ပိဿာခန့်နှင့် ငွေသားများ၊ ကားတစ်စီးတို့ ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

.



.

ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ ခေမရဋ္ဌ ရွှေဆိုင်ပိုင်ရှင် ဒေါ်နန်းလာ သည် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်က သားဖြစ်သူ စိုင်းရီတစ်ဆမ်၊ အလုပ်သမား အမျိုးသမီးတစ်ဦး တို့နှင့်အတူ ကျိုင်းတုံ မြို့မဈေးရှိ ရွှေဆိုင်မှ ဆိုင်သိမ်းပြီး နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်တွင် အခြား ယာဉ်တစ်စီး ပေါ်မှ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်သဖြင့် ယာဉ်မောင်းသူ စိုင်းရီတစ်ဆမ် ထိမှန်ခဲ့ပြီး ထိုယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးက သေနတ်ဒဏ်ရာရရှိထားသည့် စိုင်းရီတစ်ဆမ်နှင့် ဒေါ်နန်းလာ တို့အား ယာဉ်ပေါ်မှ ဆွဲချကာ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 အေးသာယာတွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူခဲ့သည့် လူငယ် ၃ ဦးကို ဖမ်းမိ

.

တောင်ကြီး၊ မေ ၁၃

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူခဲ့သူ ၃ ဦးကို ယမန်နေ့ မေလ ၁၂ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အေးသီရိဈေးအနီး ဖွင့်လှစ်ထားသော ဖုန်းဆိုင်တစ်ဆိုင် အပါအဝင် ဖုန်းဆိုင် ၂ ဆိုင်တွင် မေလ ၁၁ ရက် ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖုန်းဆိုင် ၂ ဆိုင်မှ ကွန်ပျူတာ ၁ လုံးနှင့် iPhone ၄ လုံး ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

Tuesday, May 12, 2026

🌸 တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွား

.

တောင်ကြီး၊ မေ ၁၂

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ကြက်ခြေနီရုံး အနီးတွင် ယနေ့ မေလ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က သစ်ပင်လဲကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ သစ်ပင် လဲကျမှုကြောင့် ယာဉ်သွားလာမှု မပိတ်ဆို့စေရေးအတွက် တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Monday, May 11, 2026

🌸 အေးသာယာတွင် ဖုန်းဆိုင် နှစ်ဆိုင် ဖောက်ထွင်းခိုးယူခံရ

.

တောင်ကြီး၊ မေ ၁၂

.

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယမန်နေ့ မေလ ၁၁ ရက်၊ ညပိုင်းက ဖုန်းဆိုင် ၂ ဆိုင် ဖောက်ထွင်း ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“မနေ့ညက ၁၁ နာရီခွဲလောက်မှာ ကောင်လေး ၂ ယောက် လာတယ်လို့ ဆိုင်ခန်းပိုင်ရှင်က ပြောပါတယ်။ ပုံမှန် ဆိုရင်လည်း ကျွန်တော်တို့က တောင်ကြီးက ပြန်ရောက်ပြီး ည ၉ နာရီ၊ ၁၀ နာရီ လောက်မှ အားသွင်း ကြိုးတွေ ဝင်ယူတာမျိုးရှိတတ်တော့ ကျွန်တော်တို့ပဲထင်ပြီး မပြောလိုက်တာတဲ့။ ဖုန်း ၄ လုံး ပါသွားပါတယ်။ ခိုးတဲ့ ကောင်လေးတွေက အသက် ငယ်ငယ်လေးတွေ၊ ပုံမှန်ဆိုရင် ကားကွင်းနားမှာ ပိုက်ဆံ လိုက်တောင်း နေတဲ့သူတွေလို့ သိရပါတယ်။ အမှုတော့ မဖွင့်ရသေးပါဘူး” ဟု ဖောက်ထွင်းခိုးယူခံရသည့် ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

🌸 ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခြင်းမရှိဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရှင်းလင်း ပြောကြား

.

တောင်ကြီး၊ မေ ၁၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခြင်းမရှိကြောင်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စဝ်သာဦးက ပြန်လည် ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ညောင်ရွှေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့များအား စွမ်းရည်မြင့် မွမ်းမံ သင်တန်းဖွင့်ပွဲတွင် အခမ်းအနား တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

🌸 လူသတ်မှု ဖြစ်ပွားခဲ့သည့် Peter ဘားဆိုင်ကို ယာယီချိတ်ပိတ်ထား

.

တောင်ကြီး၊ မေ ၁၁

.

လူသတ်မှု ဖြစ်ပွားခဲ့သည့် တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Peter ဘားဆိုင်ကို ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့မရဲစခန်းက ယာယီ လာရောက် ချိတ်ပိတ် ထားသည်ဟု သိရသည်။

.

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ချိတ်ပိတ်တာမဟုတ်ဘူး၊ ယာယီပိတ်တာပါ” ဟု ပြောသည်။

Sunday, May 10, 2026

🌸 တောင်ကြီးတွင် နွေရာသီ အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

.

တောင်ကြီး၊ မေ ၁၁

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့ မေလ ၁၁ ရက်၊ နံနက်ပိုင်းက နွေရာသီ အခြေခံ အင်္ဂလိပ်စာ နှင့် အင်္ဂလိပ်စာ သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

.

.

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက လူငယ်ဟူသည်မှာ အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်သည့် အတွက် လူငယ်များ၏ အတွေးအခေါ်၊ အတွေ့အကြံ၊ အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စများ ထူးချွန် ထက်မြက်နေရမည် ဖြစ်သလို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်နှင့်လည်း ပြည့်စုံနေရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံနေစေရန် လူငယ်များအတွက် အခွင့်အလမ်းနှင့် လူငယ်စွမ်းရည်များ ဖွံ့ဖြိးတိုးတက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

🌸 အေးသာယာရှိ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် မုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်မည်

.

တောင်ကြီး၊ မေ ၁၀

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို မေလ ၂၆ ရက်မှ ဇွန်လ ၄ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ အဆိုပါ သင်တန်း ကျောင်းတွင် သက်မွေးပညာသင်တန်းများကို လစဉ် အလှည့်ကျ ဖွင့်လှစ်သင်ကြား ပို့ချပေးနေခြင်း ဖြစ်ပြီး ဆိုင်ကယ်စက်ပြင်သင်တန်း၊ အခြေခံလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း၊ ကွန်ပျူတာသင်တန်း စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

🌸 တာချီလိတ်တွင် အမေများနေ့အကြို အမေ့မေတ္တာဘွဲ့တေးသီးချင်း ဖျော်ဖြေပွဲ ပြုလုပ်

.

တာချီလိတ်၊ မေ ၁၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၂) ရှိ တာ့ဟွာ တရုတ်ဘုံကျောင်း တွင် ယမန်နေ့ မေလ ၉ ရက်၊ ညပိုင်းက အမေများနေ့ အကြို အဖြစ် အမေ့မေတ္တာဘွဲ့ တေးသီချင်းများဖြင့် ဖျော်ဖြေပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

သားသမီးများအနေဖြင့် မိခင်များအပေါ် လေးစားတန်ဖိုးထားမှု ပိုမိုရှိလာ စေပြီး ကျေးဇူးဆပ်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ လူမှုအသိုင်းအဝိုင်းအတွင်း မိသားစုတန်ဖိုးများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် မိခင်များ၏ အခန်းကဏ္ဍကို အများပြည်သူ သိမြင်လာစေရန်ရည်ရွယ်၍ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Saturday, May 9, 2026

🌸 စိုက်ပျိုးရေးစရိတ် ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးသွားမည်

.

တောင်ကြီး၊ မေ ၁၀

.

တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးစရိတ် ချေးငွေများကို တိုးမြှင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

.

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေ ကာလမှစတင်၍ စိုက်ပျိုးစရိတ် ချေးငွေများ တိုးမြှင့် ထုတ်ချေး ပေးသွားမည် ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း တိုးမြှင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

🌸 ပီတာဘားဆိုင်ပိုင်ရှင်ကို လူသတ်မှုအပြင် အခြားဥပဒေများဖြင့် အမှုထပ်ဖွင့်ထား

.

တောင်ကြီး၊ မေ ၉

.

အသက်မပြည့်သေးသည့် ဝန်ထမ်းမိန်းကလေးငယ်တစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခဲ့သည့် တောင်ကြီးမြို့ရှိ Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင် ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ယစ်မျိုးဥပဒေများဖြင့် ထပ်မံအမှုဖွင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ကလေးသူငယ်ဥပဒေပုဒ်မ ၁၀၀ (က)၊ ၁၀၁ (ခ) ရယ် ယစ်မျိုးဥပဒေပုဒ်မ ၇၄ (ဃ) ထပ်ဖွင့်ထားပါတယ်။ ယစ်မျိုးကတော့ သတ်မှတ်စည်းကမ်းနဲ့ မညီတဲ့အတွက်ပါ။ လူသတ်မှုကတော့ သပ်သပ် ဖွင့်ထားပါတယ်။ အမှု ပေါင်းစပ်ပြီးရင် အထက်ကို တင်ပြပြီး သတင်းထုတ်ပြန်ဖို့ လုပ်ပါမယ်” ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ပြောဆိုထားသည်။

🌸 တာချီလိတ်မြို့ ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ရေမြောင်းများအတွင်းရှိ ရွှံ့နွံများ စုပေါင်းဆယ်ယူ

.

တာချီလိတ်၊ မေ ၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းက ရေမြောင်းများ၊ ရေချောင်းများအွင်းရှိ အမှိုက်သရိုက်များ၊ ရွှံ့နွံများကို စက်ယန္တရားများ၊ လူအင်အားတို့ဖြင့် စုပေါင်းဆယ်ယူ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ ရေချောင်းနှင့် ရေမြောင်းများအတွင်း အမှိုက်သရိုက်များ၊ ရွှံ့နွံ့များကို ဦးစားပေး အဆင့်အလိုက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မေလ ၉ ရက်၊ နံနက်ပိုင်းတွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ ၁၂ လမ်း၊ ချောင်းအတွင်း အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နုံးသဲများ ရှင်းလင်းခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆယ်ယူ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 လူငယ်ရေးရာကော်မတီ ဗဟိုနှင့် ပြည်နယ် ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲ ပြုလုပ်

.

တောင်ကြီး၊ မေ ၉

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

‌တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အခမ်းအနားသို့ တက်ရောက်လာသည့်လူငယ်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အမှာစကား ပြောကြားခဲ့သည်။

🌸 နမ့်စန်မြို့နယ်တွင် လူနာတင်ယာဉ် တိမ်းမှောက်ပြီး တစ်ဦးသေဆုံး

.

နမ့်စန်၊ မေ ၉

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာအုပ်စု၊ တံတားဖြူအနီးတွင် ယမန်နေ့ မေလ ၈ ရက်၊ ညပိုင်းက လူနာတင်ယာဉ် တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လင်းခေးမြို့ရှိ ပရဟိတအသင်းတစ်ခု၏ လူနာတင်ယာဉ်သည် မေလ ၈ ရက်၊ ညပိုင်းက လူနာအမျိုးသားနှင့် လူနာစောင့် အမျိုးသမီးတစ်ဦးအား တင်ဆောင်၍ တောင်ကြီးမြို့သို့ မောင်းနှင်လာစဉ် နမ့်စန်-မိုးနဲသွားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၀)နှင့် (၁၆/၁)အကြား၊ တံတားဖြူအနီး အရောက်တွင် မော်တော်ယာဉ် လက်ကိုင်ဂွေ တိုက်ရော့ပြုတ်ကာ လမ်းဘေး လျှိုအတွင်းသို့ ထိုးကျတိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Friday, May 8, 2026

🌸 ယနေ့မြန်မာအမျိုးသမီးရေးရာနှင့် အနာဂတ်လူငယ် ပျိုးခင်း ဖော်ဆောင်မှု အနုပညာ ခေါင်းစဉ်ဖြင့် ‌ဟောပြောပွဲ ပြုလုပ်

.

တောင်ကြီး၊ မေ ၈

.

ရှမ်းပြည်နယ်မြို့တော် ‌တောင်ကြီမြို့ရှိ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမတွင် ယနေ့ မေလ ၈ ရက်၊ နေ့လယ်ပိုင်းက ယနေ့ မြန်မာအမျိုးသမီးရေးရာနှင့် အနာဂတ်လူငယ် ပျိုးခင်းဖော်ဆောင်မှု အနုပညာ ခေါင်းစဉ်ဖြင့် စိတ်ခွန်အားဖြည့် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဟောပြောပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါက်တာဘုန်းမြင့် (Artist of Life/Life Coach & Motivational Speaker & Mentor) က “နိုင်ငံတော်အနာဂတ် ပဲ့ကိုင်ရှင်၊ လူငယ်ထုအတွက်၊ ရွှေရောင်ပျိုးခင်း အိပ်မက်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

🌸 ဗြိတိန်မှာ ဒရုန်းနဲ့ ပထမဆုံး ပစ္စည်းပို့နေပြီဖြစ်တဲ့ အမေဇုန်

.

အွန်လိုင်းဈေးသည်ကုမ္ပဏီကြီးဖြစ်တဲ့ အမေဇုန်ကတော့ ကုန်ပစ္စည်းဝယ်ယူသူတွေကို ဒရုန်းနဲ့ ပို့ဆောင် ပေးတဲ့ ဝန်ဆောင်မှုကို ဗြိတိန်မြေမှာ စတင်လိုက်ပါပြီ။

.

.

အမေဇုန်ကနေ ပစ္စည်းမှာရင် အချိန်ကြာလို့ စိတ်ညစ်နေကြသူတွေအတွက် နာရီပိုင်းအတွင်း ရောက်နိုင်မယ့် နည်းလမ်းကို အမေဇုန်က စီစဉ်လိုက်တာပါ။

Thursday, May 7, 2026

🌸 ကလောမြို့နယ်တွင် ခရီးသည်တင်ကားနှင့် သဲကားတိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံး

.

ကလော၊ မေ ၈

.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာ၊ ပြည်ထောင်စုလမ်းမပေါ်တွင် ယမန်နေ့ မေလ ၇ ရက်၊ ညပိုင်းက ခရီးသည်တင်ကားနှင့် သဲကားတစ်စီး တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.

.
ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာသော Mini Bus အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး သည် ယမန်နေ့ မေလ ၇ ရက်၊ ည ၈ နာရီခွဲခန့်က အင်းပြင်ကျေးရွာရှိ ခမရ (၁၁၂) တပ်ရှေ့တွင် ခရီးသည်ချ နေစဉ် လားရာတူ မောင်းနှင်လာသည့် သဲကားတစ်စီးက နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 ဝန်ထမ်း အမျိုးသမီးငယ်အား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဘားဆိုင်ပိုင်ရှင်ကို တုံတာမြို့တွင် ဖမ်းမိ

.

တောင်ကြီး၊ မေ ၇

.

တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်မှ ဝန်ထမ်းမိန်းကလေးငယ်ကို သေဆုံးသည်ထိ ရိုက်နှက်ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့တွင် ယမန်နေ့ မေလ ၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.



.

ထွက်ပြေးတိမ်းရှောင်နေသူ ဘားဆိုင်ပိုင်ရှင်အောင်မျိုးသူ(ခ) ပီတာ သည် ပြစ်မှုကို နောင်တရပြီး တုံတာနယ်မြေရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

🌸 တောင်ကြီးတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

.

တောင်ကြီး၊ မေ ၇

.

ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့ ယနေ့ မေလ ၇ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးမည့် တာဝန်ရှိသူ ၂ ဦးအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Wednesday, May 6, 2026

🌸 အေးသာယာတွင် အမျိုးသားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိ

.

တောင်ကြီး၊ မေ ၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အမျိုးသားတစ်ဦးအား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သူ ၂ ဦးကို ယနေ့ မေလ ၆ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ခြံဝိုင်းတစ်ခုအတွင်း ယနေ့ မေလ ၆ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦးအား နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက် ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ တို့ဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

🌸 အေးသာယာတွင် အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး

.

တောင်ကြီး၊ မေ ၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်တွင် ယနေ့ မေလ ၆ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ အုတ်တိုင်းကာရံထားသည့် ၆ ကွက်တွဲ ခြံဝင်းတွင် ယနေ့ မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်က အမည်မသိ၊ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးအား နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ တို့ဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ပြီးနောက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tuesday, May 5, 2026

🌸 တောင်ကြီးမြို့ရှိ ဘားဆိုင်တစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်ပွား

.

တောင်ကြီး၊ မေ ၅

.

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်ကွက်ရှိ Peter ဘားဆိုင်တွင် ယမန်နေ့ မေလ ၄ ရက်၊ ညပိုင်းက အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူမှာ ယင်းဘားဆိုင်တွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေး တစ်ဦးဖြစ်ပြီး မျက်နှာ၊ လက်နှင့် ဝမ်းဗိုက် တို့တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

🌸 နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား တောင်ကြီးတွင် ပြုလုပ်

.

တောင်ကြီး၊ မေ ၅

.

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ မေလ ၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့အထွက် ၂ မိုင်ရှိ ခရိုင်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကား ပြောကြားပြီး ရဲကျော်သူတံဆိပ်၊ လူမှုထူးချွန်တံဆိပ်နှင့် သင်တန်းထူးချွန်ဆုရသူများ၊ စခန်းသာယာလှပရေးဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Monday, May 4, 2026

🌸 တာချီလိတ်တွင် Football For School Program အရပြုလုပ်သည့် အားကစားသင်တန်း ဖွင့်လှစ်

.

တာချီလိတ်၊ မေ ၅

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့မေလ ၄ ရက်၊ ညနေပိုင်းက Football For School Program အရပြုလုပ်သည့်အားကစားသင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ကျောင်းသားလူငယ်များ ကိုယ်လက်လှုပ်ရှားမှုရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြိုနယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ Football For School Program အရပြုလုပ်သည့် ဘောလုံး၊ လက်ဝှေ့၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ပြေးစုန်ပစ် အားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

Sunday, May 3, 2026

🌸 တာချီလိတ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဓာတ်သတ္ထုအလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီများ တွေ့ဆုံ

.

တာချီလိတ်၊ မေ ၃

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ တာဝန်ခံအရာရှိရုံး အစည်းအဝေးခန်းမတွင် ယနေ့ မေလ ၃ ရက်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဓာတ်သတ္ထုအလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီများ တွေ့ဆုံခဲ့ကြောင်း သိရသည်။

.

.

တွေ့ဆုံပွဲတွင် ဓာတ်သတ္ထုအလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာများက လွှတ်တော်ကိုယ်စားလှယ်များအား တစ်ဦးချင်းမိတ်ဆက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။

Saturday, May 2, 2026

🌸 တာချီလိတ်တွင် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူလူထုနှင့် တွေ့ဆုံ

.

တာချီလိတ်၊ မေ ၂

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ယနေ့ မေလ ၂ ရက်၊ နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလုထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ပြည်သူ့လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းက ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ တာဝန်လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

Friday, May 1, 2026

🌸 ကာလိတွင် တရားမဝင် အွန်လိုင်းလောင်းကစားများနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသာ ၄၃ ဦး ဖမ်းမိ

.

ကာလိ၊ မေ ၂

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီးတွင် ယမန်နေ့ မေလ ၁ ရက်က တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၄၃ ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် အတွင်း တရားမဝင်အွန်လိုင်း လောင်းကစား လုပ်ကိုင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေ ဖော်ထုတ် ဖမ်းဆီးလျက်ရှိသဖြင့် တရုတ် နိုင်ငံသို့ ပြန်ရန်အတွက် တောလမ်းအတိုင်း ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။