.
တောင်ကြီး၊ မေ ၁၂
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယမန်နေ့ မေလ
၁၁ ရက်၊ ညပိုင်းက ဖုန်းဆိုင် ၂ ဆိုင် ဖောက်ထွင်း ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“မနေ့ညက ၁၁ နာရီခွဲလောက်မှာ ကောင်လေး ၂ ယောက် လာတယ်လို့
ဆိုင်ခန်းပိုင်ရှင်က ပြောပါတယ်။ ပုံမှန် ဆိုရင်လည်း ကျွန်တော်တို့က တောင်ကြီးက ပြန်ရောက်ပြီး
ည ၉ နာရီ၊ ၁၀ နာရီ လောက်မှ အားသွင်း ကြိုးတွေ ဝင်ယူတာမျိုးရှိတတ်တော့ ကျွန်တော်တို့ပဲထင်ပြီး
မပြောလိုက်တာတဲ့။ ဖုန်း ၄ လုံး ပါသွားပါတယ်။ ခိုးတဲ့ ကောင်လေးတွေက အသက် ငယ်ငယ်လေးတွေ၊
ပုံမှန်ဆိုရင် ကားကွင်းနားမှာ ပိုက်ဆံ လိုက်တောင်း နေတဲ့သူတွေလို့ သိရပါတယ်။ အမှုတော့
မဖွင့်ရသေးပါဘူး” ဟု ဖောက်ထွင်းခိုးယူခံရသည့် ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။


