.
တောင်ကြီး၊ ဧပြီ ၂၉
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ယမန်နေ့
ဧပြီလ ၂၈ ရက်၊ ညပိုင်းက ယောက္ခထီးက သားမက်ဖြစ်သူကို ဓားဖြင့်ထိုး၍ သားမက်ဖြစ်သူ
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ရေမဲလမ်းရှိ
ထမင်းဆိုင်တစ်ခုတွင် ထမင်းဟင်းရောင်းချသည့် အမျိုးသမီး တစ်ဦးသည် ယမန်နေ့ ဧပြီလ ၂၈
ရက်၊ ည ၁၀ နာရီခန့်က ထမင်းဟင်းရောင်းချပြီး ဆိုင်သိမ်းကာ နေအိမ်သို့ ပြန်စဉ်
မြို့မရပ်ကွက်၊ ရေမဲလမ်းထိပ်တွင် ခင်ပွန်းဖြစ်သူ မိုးထက်ဝင်းအား
စောင့်ဆိုင်းနေခိုက် ၎င်း၏ဖခင် ဖြစ်သူ ဦးထွန်းဝေ ရောက်ရှိလာပြီး ခင်ပွန်း
မိုးထက်ဝင်းအား အသင့်ယူဆောင်လာသည့် မီးဖိုချောင်သုံး ဓားဖြင့် ဝမ်းဗိုက်အား
ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


