.
ကျိုင်းတုံ၊ မေ ၁၃
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့
မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းက လူသတ် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရွေထည် ၃ ပိဿာခန့်နှင့်
ငွေသားများ၊ ကားတစ်စီးတို့ ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ ခေမရဋ္ဌ ရွှေဆိုင်ပိုင်ရှင်
ဒေါ်နန်းလာ သည် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခန့်က သားဖြစ်သူ စိုင်းရီတစ်ဆမ်၊ အလုပ်သမား
အမျိုးသမီးတစ်ဦး တို့နှင့်အတူ ကျိုင်းတုံ မြို့မဈေးရှိ ရွှေဆိုင်မှ ဆိုင်သိမ်းပြီး
နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်တွင် အခြား ယာဉ်တစ်စီး ပေါ်မှ သေနတ်ဖြင့် ၂ ချက်
ပစ်ခတ်သဖြင့် ယာဉ်မောင်းသူ စိုင်းရီတစ်ဆမ် ထိမှန်ခဲ့ပြီး ထိုယာဉ်ပေါ်ပါ အမျိုးသား
၃ ဦးက သေနတ်ဒဏ်ရာရရှိထားသည့် စိုင်းရီတစ်ဆမ်နှင့် ဒေါ်နန်းလာ တို့အား ယာဉ်ပေါ်မှ ဆွဲချကာ
ယာဉ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

