.
တောင်ကြီး၊ မေ ၈
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီမြို့ရှိ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊
ကမ္ဘောဇခန်းမတွင် ယနေ့ မေလ ၈ ရက်၊ နေ့လယ်ပိုင်းက ယနေ့ မြန်မာအမျိုးသမီးရေးရာနှင့် အနာဂတ်လူငယ်
ပျိုးခင်းဖော်ဆောင်မှု အနုပညာ ခေါင်းစဉ်ဖြင့် စိတ်ခွန်အားဖြည့် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.ဟောပြောပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ
စိုင်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေါက်တာဘုန်းမြင့် (Artist
of Life/Life Coach & Motivational Speaker & Mentor) က “နိုင်ငံတော်အနာဂတ်
ပဲ့ကိုင်ရှင်၊ လူငယ်ထုအတွက်၊ ရွှေရောင်ပျိုးခင်း အိပ်မက်” ခေါင်းစဉ်ဖြင့် အသိပညာပေး
ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

