.
ရွာငံ၊ မေ ၁၇
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်တွင် ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းက သဲကျင်းပြိုကျမှု ဖြစ်ပွားပြီး ၂
ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးတွင် ယနေ့ မေလ
၁၇ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က သဲကျင်း ပြိုကျပြီး ကျောက်သဲတူးနေသူ အမျိုးသား
၃ ဦး ပိမိနေသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၂ ဦး သေဆုံးပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာများ
ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



