.
တောင်ကြီး၊ မေ ၁၂
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်
ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခြင်းမရှိကြောင်း မိုင်းပန်မြို့နယ်
မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စဝ်သာဦးက ပြန်လည်
ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။
.
.ညောင်ရွှေမြို့၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့် ဧပြီလ ၂၇
ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့များအား
စွမ်းရည်မြင့် မွမ်းမံ သင်တန်းဖွင့်ပွဲတွင် အခမ်းအနား
တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။
.
“ဒီအဖွဲ့က ဖွဲ့ထားတာ ကြာပါပြီ။
မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ခံပြီးတော့ ဖွဲ့တဲ့ အဖွဲ့ပါ။ မွမ်းမံသင်တန်း
ပေးတဲ့အခါမှာ ကျွန်တော့်ကို လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဖိတ်တာပါ။ ဒါကြောင့်
အခမ်းအနား သွား တက်တာပါ။ ဒါကို ကျွန်တော်ကပဲ ခေါင်းဆောင်ပြီး ဖွဲ့လိုက်တဲ့အဖွဲ့
ဆိုတဲ့သဘောမျိုးနဲ့ ပုဂ္ဂိုလ်ရေးအရ ကော၊ ပါတီကိုကော တိုက်ခိုက်တာပါ” ဟု စဝ်သာဦးက ပြောဆိုထားသည်။
.
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စဝ်သာဦးသည် ရှမ်းနှင့်
တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ
ကိုယ်စားပြု၍ အချိုးကျကိုယ်စားပြုစနစ် အရ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၏
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူပြီး
ညောင်ရွှေမြို့တွင် နေထိုင်သူဖြစ်သည့်အတွက် ညောင်ရွှေမြို့နယ်အတွင်း ပြုလုပ်သည့်
အခမ်းအနားပွဲကို ဖိတ်စာရရှိသဖြင့် တက်ရောက်ခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြည်သူ့လုံခြုံရေးနှင့်
အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့များအား စွမ်းရည်မြင့် မွမ်းမံသင်တန်းကို
ညောင်ရွှေမြို့တွင် ဧပြီလ ၂၇ ရက်မှ မေလ ၂၄ ရက်အထိ
ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ပြီး သင်တန်းသား ၅၈ ဦး တက်ရောက်လျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment