.
တောင်ကြီး၊ မေ ၁၂
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
အနောက်မြို့ပတ်လမ်း၊ ကြက်ခြေနီရုံး အနီးတွင် ယနေ့ မေလ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က သစ်ပင်လဲကျမှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အဆိုပါ သစ်ပင် လဲကျမှုကြောင့် ယာဉ်သွားလာမှု မပိတ်ဆို့စေရေးအတွက်
တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့်
ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
.
ယနေ့ မေလ ၁၂ ရက်၊ နံနက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် မိုးရွာသွန်းမှုကြောင့် မြေသားပျော့ကျ၍
အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင်
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊
အုတ်တံတိုင်းနှင့် သစ်ပင် လဲကျခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း
သတိပေး ပြောဆိုမှုများ ရှိနေသည်။
.
#ShanGazette #Taunggyi #Diseaster
.

No comments:
Post a Comment