.
တောင်ကြီး၊ မေ ၁၈
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်
လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြို့နယ်စည် ပင်သာယာရေးဌာနမှ
အာမခံအလုပ်သမား ဦးဝင်းမြင့်သိန်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ဆိုင်သည့်
ငွေလုံးငွေရင်း အကျိုးခံစားခွင့်ကို ယနေ့ မေလ ၁၈ ရက်တွင် ခွင့်ပြု
ထုတ်ပေးခဲ့ကြောင်း သိရသည်။
.
.ယင်း စည်ပင်ဝန်ထမ်း ဦးဝင်းမြင့်သိန်းသည်
ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် စည်ပင်သာယာရေး လုပ်ငန်းခွင် အတွင်း၌ မတော်တဆမှု
ဖြစ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ပြီး ယခုတွင် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ရွှေအား
လူမှုဖူလုံရေးအဖွဲ့၊ ရှမ်းပြည်နယ်တာဝန်ခံ ဒုညွှန်မှူးက ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့်
ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် ၁၁၈၈၀၀၀၀ ကို ထုတ်ပေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“သူ့ရဲ့ ဝန်ထမ်းလစာထဲကနေ လူမှုဖူလုံရေးကြေး
သွင်းထားတာပေါ့။ လစာ ထုတ်တာနဲ့ သတ်မှတ်ထားတဲ့ ငွေကို သွင်းထားတာ။ အဲဒါကြောင့်
ကျန်ရစ်သူ အကျိုးခံစားခွင့်ကို ရရှိတာပါ။” ဟု တောင်ကြီးမြို့နယ်
စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ထို့အတူ မြို့နယ်စည်ပင် သာယာရေးဌာနမှအာမခံ
အလုပ်သမား ဦးမောင်မောင်လွင်၏ နာရေးစရိတ်ငွေကျပ် ၇၂၀၀၀၀ အား လည်းကောင်း၊ ရေနံထွက်
ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှ ဦးမင်းစိုးလှိုင်၏ နာရေးစရိတ် ငွေကျပ် ၁၀၈၀၀၀၀ အား
လည်းကောင်း၊ မြန်မာ့ သစ်လုပ်ငန်း(ဒုထွေဂျာရုံး)မှ အာမခံ အလုပ်သမား
ဒေါ်သန်းသန်းအေး၏ နာရေးစရိတ် ငွေကျပ် ၉၉၀၀၀၀ တို့အား လည်းကောင်း
လူမှုဖူလုံရေးအဖွဲ့က အသီးသီး ခွင့်ပြုထုတ်ပေးခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့်
ဆိုင်သည့် ငွေလုံးငွေရင်း အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
အခမ်းအနားတွင် လူမှုဖူလုံရေးဥပဒေအကြောင်းနှင့် အခြားအသိပညာပေး အကြောင်းအရာများကို
ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment