.
အွန်လိုင်းဈေးသည်ကုမ္ပဏီကြီးဖြစ်တဲ့
အမေဇုန်ကတော့ ကုန်ပစ္စည်းဝယ်ယူသူတွေကို ဒရုန်းနဲ့ ပို့ဆောင် ပေးတဲ့ ဝန်ဆောင်မှုကို
ဗြိတိန်မြေမှာ စတင်လိုက်ပါပြီ။
.
.အမေဇုန်ကနေ ပစ္စည်းမှာရင် အချိန်ကြာလို့
စိတ်ညစ်နေကြသူတွေအတွက် နာရီပိုင်းအတွင်း ရောက်နိုင်မယ့် နည်းလမ်းကို အမေဇုန်က
စီစဉ်လိုက်တာပါ။
.
အင်္ဂလန်မြောက်ပိုင်း ဒါလင်တန့်မြို့မှာ
ဒရုန်းပို့ဆောင်ရေးစနစ်ကို စတင်လိုက်တာဖြစ်ပြီး အလေးချိန် ၅ ပေါင်အောက် ရှိတဲ့
အလှကုန်ပစ္စည်းတွေ၊ နေ့စဉ်သုံးပစ္စည်းတွေကို ပစ္စည်းသိုလှောင်ရုံကနေ ၇ ဒသမ ၅
မိုင်အကွာအဝေးအတွင်း ပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။
.
မှာယူသူတွေဟာ သူတို့လိုချင်တဲ့ ပစ္စည်းကို ၂
နာရီအတွင်း လက်ခံရရှိနိုင်ကြပြီး ၁၂ ပေ အမြင့်ကနေ ဒရုန်းတွေက လွှတ်ချပေးသွားမှာပါ။
ကွဲတတ်တဲ့ ပစ္စည်းမျိုးဆိုရင်တော့ မှာယူလို့မရသေးပါဘူး။
.
လယ်သမားတစ်ယောက်ဖြစ်တဲ့ ရော့ဘ်ရှီးလ် ကတော့
ဒရုန်းပို့ဆောင်မှုကို စမ်းသပ်ကြည့်ချင်တာကြောင့် ပစ္စည်းမျိုးစုံကို ခဏခဏ
မှာနေတာပါ။
.
“ဒါက အထူးအဆန်းဖြစ်နေတော့ ပစ္စည်းမျိုးစုံကို
လျှောက်မှာတာပေါ့ဗျာ၊ ဘောပင်တွေ၊ ချောကလက်တွေ၊ စက္ကူတွေ၊ ဒရုန်းကြီး
မကြာခဏလာအောင်ဆိုပြီး ဘာပဲဖြစ်ဖြစ် မှာပစ်တာပဲ” လို့ ရော့ဘ်က ဆိုပါတယ်။
.
ရော့ဘ်ရဲ့အနီးအနားဝန်းကျင်က လူတွေကလည်း
ဒီလိုပစ္စည်းပို့မှုကို အထူးအဆန်းဖြစ်နေပြီး တကူးတက တောင် လာကြည့်ကြသူတွေရှိပါတယ်။
.
အမေရိကန်မှာတော့ အမေဇုန်ရဲ့
ဒရုန်းနဲ့ပစ္စည်းပို့ချိန်ဟာ ၂ ဆလောက် ပိုမြန်ပြီး ၃၆ မိနစ်အတွင်း ရောက်ရှိတာ ဖြစ်ပါတယ်။
အမေဇုန်ဟာ သူတို့ရဲ့ဒရုန်းတွေကို တစ်စီးအတွက် တစ်နာရီအတွင်း အများဆုံး ၁၀
ကြိမ်အထိသာ အသုံးပြုမှာဖြစ်ပြီး တစ်နေ့ကို ပို့ဆောင်မှု အကြိမ် ၁၀၀ အထိသာ
အသုံးပြုသွားမှာပါ။
.
ဒရုန်းတွေကို သွေးအိတ်၊ ဆေး စတဲ့ ကျန်းမာရေးပစ္စည်းတွေကို
ပို့ဆောင်နိုင်ဖို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်နေသလို ဝေးလံတဲ့
ကျွန်းစုတွေဆီ ဒရုန်းနဲ့ ပစ္စည်းပို့ဖို့ စီစဉ်နေကြသူတွေလည်း ရှိပါတယ်။
.
အမေဇုန်က သူတို့ရဲ့ပစ္စည်းပို့ဆောင်ရေးအတွက်
အဆင့်အမြင့်ဆုံးဖြစ်တဲ့ MK30 ဒရုန်းကို သုံးထားပြီး
အဲဒီဒရုန်းမှာ သူ့ရဲ့လမ်းကြောင်းမှာရှိတဲ့ ဘာကိုမဆို ရှောင်ကွင်းနိုင်တဲ့ အာရုံခံ
ကိရိယာတွေပါဝင်ပါတယ်။
.
ပစ္စည်းချပေးတဲ့နေရာမှာလည်း GPS စနစ်ကို သုံးထားပြီး ဘယ်နေရာမှာ ချပေးရမလဲဆိုတာကို အတိအကျသိပါတယ်။
.
အမေဇုန်ဟာ အမေရိကန်နိုင်ငံအတွင်းမှာတော့
ဒရုန်းနဲ့ ပစ္စည်းပို့ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး
အမေရိကန်ပြည်နယ် ၅ ခုမှာ ပို့ဆောင်မှုတွေ ပြုလုပ်နေပါပြီ။
.
#ShanGazette #International #Technology
.

No comments:
Post a Comment