.
တာချီလိတ်၊ မေ ၁၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊
ပါလျှံ (၂) ရှိ တာ့ဟွာ တရုတ်ဘုံကျောင်း တွင် ယမန်နေ့ မေလ ၉ ရက်၊ ညပိုင်းက အမေများနေ့
အကြို အဖြစ် အမေ့မေတ္တာဘွဲ့ တေးသီချင်းများဖြင့် ဖျော်ဖြေပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.သားသမီးများအနေဖြင့် မိခင်များအပေါ်
လေးစားတန်ဖိုးထားမှု ပိုမိုရှိလာ စေပြီး ကျေးဇူးဆပ်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊
လူမှုအသိုင်းအဝိုင်းအတွင်း မိသားစုတန်ဖိုးများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့်
မိခင်များ၏ အခန်းကဏ္ဍကို အများပြည်သူ သိမြင်လာစေရန်ရည်ရွယ်၍ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဖျော်ဖြေပွဲတွင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး
ဦးထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး အမေ့ရင်ခွင်ကျောင်းတော်မှ ကျောင်းသား
ကျောင်းသူလေးများက အမေ့မေတ္တာဘွဲ့ တေး သီချင်းများ၊ အာခါ၊ ရှမ်း၊
မြန်မာရိုးရာအကပဒေသာများနှင့် အာခါတိုင်းရင်းသားတို့၏ ပြဇာတ်တေးသရုပ်ဖော်များဖြင့်
ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
.
ထို့နောက် တာချီလိတ် ရွှေတိဂုံဂေါပကအဖွဲ့ ဥက္ကဌ
ဦးဇော်မြင့်က အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူရှင်များကိုယ်စား ပံ့ပိုးကူညီရသည့်
အကြောင်းကို ရှင်းလင်းပြောကြားပြီး ကျိုင်းတုံမြို့၊ အမေ့ရင်ခွင် ကျောင်း တည်ထောင်သူ
ဦးမင်းညိုက အမေ့ရင်ခွင်တည်ထောင်ရခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဖျော်ဖြေပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဦးကျော်ငြိမ်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့်
ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
.
ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမေများနေ့ကို နှစ်စဉ်
မေလ ဒုတိယပတ် တနင်္ဂနွေနေ၌ ကျင်းပလေ့ရှိပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ အမေများနေ့
ကျင်းပသည့်ရက်များ မတူညီကြဘဲ မြန်မာနိုင်ငံတွင် ပြာသိုလပြည့်နေ့ ကို အမေများနေ့အဖြစ်
သတ်မှတ်ထားသည်။
.
#KBZTai #Shan #Tachileik
.

No comments:
Post a Comment