.
တာချီလိတ်၊ မေ ၂
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်ရှိ
အောင်မြတ်ခန်းမတွင် ယနေ့ မေလ ၂ ရက်၊ နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလုထုတွေ့ဆုံပွဲ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ငြိမ်းအောင်က ပြည်သူ့လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ တာဝန်၊
လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းအွန်ခမ်းက ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊
တာဝန်လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက
ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး နှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ဒေသလိုအပ်ချက်များကို
မေးမြန်းကြရာ မေးမြန်းဆွေးနွေးချက်များ အပေါ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့်
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးကျော်စွာမျိုးတို့က
ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါဆွေးနွေးပွဲသို့
လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ ၃၀၀
ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
#ShanGazette #Tachileik #Parliament
.

No comments:
Post a Comment