.
တာချီလိတ်၊ မေ ၃
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ တာဝန်ခံအရာရှိရုံး အစည်းအဝေးခန်းမတွင် ယနေ့ မေလ ၃ ရက်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဓာတ်သတ္ထုအလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီများ တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.
တွေ့ဆုံပွဲတွင် ဓာတ်သတ္ထုအလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာများက လွှတ်တော်ကိုယ်စားလှယ်များအား တစ်ဦးချင်းမိတ်ဆက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။
.
ထို့နောက် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ တာဝန်ခံအရာရှိရုံး(ရှမ်းပြည်နယ်-အရှေ့ပိုင်း)မှ လက်ထောက်အထွေထွေ မန်နေဂျာ တာဝန်ခံအရာရှိ ဦးတင်မောင်သန်းက ဖွဲ့စည်းပုံနှင့် တာဝန်ချထားမှု၊ တာချီလိတ်မြို့နယ်အတွင်းရှိ ဓာတ်သတ္ထု/ရွှေ သတ္ထုအလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီနှင့် လုပ်ကွက်များ၏ ဘဏ္ဍာနှစ်အလိုက် လျာထားချက်၊ အမှန်ထုတ်လုပ်မှုနှင့် အောင်မြင်မှု ရာခိုင်မှုန်းအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ထည့်သွင်းထားရှိမှု၊ ထုတ်ယူသုံးစွဲမှု၊ မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် သဲနုန်းနှင့် အမှိုက်များကို အမှတ်(၂)သတ္ထုတွင်းလုပ်ငန်းနှင့်ကုမ္ပဏီများပူးပေါင်းကာ ကူညီဖယ်ရှား ဆောင်ရွက်ခဲ့မှု အခြေအနေ၊ မြို့နယ်အတွင်းရှိ မြစ်/ချောင်းများနှင့် လုပ်ကွက်များတွင် ရေနမူနာကောက်ယူစစ်ဆေးခဲ့သည့် အခြေအနေများ၊ လုပ်ကွက်များတွင် နှစ်အလိုက် အပင်စိုက်ပျိုးမှု အခြေအနေ စသည့်လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကုမ္ပဏီများက လုပ်ငန်းအလိုက် ဆွေးနွေးတင်ပြကြခဲ့ကြကြောင်း သိရသည်
.
အဆိုပါတွေ့ဆုံပွဲသို့ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကျော်စွာမျိုး၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ တာဝန်ခံ အရာရှိရုံး(ရှမ်းပြည်နယ်-အရှေ့ပိုင်း) လက်ထောက်အထွေထွေမန်နေဂျာ တာဝန်ခံအရာရှိ ဦးတင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ ဓာတ်သတ္ထုအလတ်စားခွင့်ပြုမိန့်ရ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment