.
မူဆယ်၊
မေ ၁၆
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရပြီး
ပျောက်ဆုံးနေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်မှာ မူဆယ်ကားကြီးကွင်းရှိ အခန်းတစ်ခု
အတွင်း ပိတ်လှောင် ခံထားရသည်ဟု သိရသည်။
.
.“သမီးက
မူဆယ်ကားကြီးကွင်းမှာ ရှိနေတယ်တဲ့။ မနေ့ညတုန်းက Viber ကနေ ဖုန်းပေးပြော
တာလို့ ပြောပါတယ်။ ဒီဖုန်းက ခဏပဲ ပေးပြောတာတဲ့။ သူကတော့ အဆင်ပြေတယ်လို့ ပြောတယ်။
ဒါပေမဲ့ ကလေးမျက်နှာက မကောင်းပါဘူး။ အခန်းထဲမှာ ပိတ်လှောင်ခံထားရတယ်။
မေကြီးတို့လည်း လာခေါ်လို့ ရမှာမဟုတ်ပါဘူးလို့ ပြောပါတယ်” ဟု မိန်းကလေး၏ မိခင်က ပြောသည်။
.
ပျောက်ဆုံးနေသည့်
မိန်းကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီး
ကျေးရွာအုပ်စု၊ ပျံချီကျေးရွာနေ မခင်သီတာစန်း ဆိုသူဖြစ်ပြီး ၎င်းသည်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ တစ်ဆင့် မူဆယ်တွင် လစာများသည့်အလုပ်
ရမည်ဟုဆိုသဖြင့် အလုပ်လုပ်ကိုင်ရန် မူဆယ်မြို့သို့ သွားရောက်ပြီး
ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
မိန်းကလေးငယ်သည် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည်မှာ
တစ်နှစ်ခန့် ရှိပြီဖြစ်ပြီး မလီလီ ဆိုသူ အမျိုးသမီးတစ်ဦးက မူဆယ်မြို့ရှိ
စက်ရုံတွင် ရန်ကုန်ထက် လစာ ကောင်းသည်ဟု ဆိုသဖြင့် အလုပ်လုပ်ကိုင်ရန်
လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့်
ပတ်သက်၍ မူဆယ်မြို့ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး
မင်းနိုင် က “ကျွန်တော်တို့တော့ အကြောင်းကြားထားပါတယ်။ သူတို့က ရန်ကုန်မှာလည်း
အမှုမဖွင့်ရသေးဘူး ထင်တယ်။ ရှာဖို့လောက်ပဲ အကြောင်းကြားထားသေးတာပါ။ လူတွေ့မှ
စိစစ်ပြီး လူကုန်ကူးခံရတာ ဟုတ်/မဟုတ် စိစစ်ပြီးမှ အမှုဖွင့်ရမှာပါ။ သူ့အမေကတော့
ပိတ်လှောင်ခံထားရ တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း သွားရှာနေတုန်းပါ။
မတွေ့သေးပါဘူး” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ
ပျောက်ဆုံးအမျိုးသမီးငယ်အား တွေ့ရှိပါက မိန်းကလေး၏ မိခင် (09 424 070 251) ထံသို့
ဆက်သွယ် အကြောင်းကြား ပေးရန် မိသားစုက အကူအညီ တောင်းခံထားသည်။
.
#ShanGazette #Muse #HumanTrafficking
.

No comments:
Post a Comment