.
၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင်
ရေကြီးရေလျှံမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မေလ ၁၆ ရက်၊ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ထို့သို့ သန့်ရှင်းရေး ပြုလုပ်ရာတွင် တာချီလိတ်မြို့၊
ပုန်းထွန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ ရေမြောင်းများ အတွင်းရှိ
အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နွံများရှင်းလင်းခြင်းလုပ်ငန်းကို
ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ UBL
ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း၊ လူမှုရေး အသင်းအဖွဲ့များ၊
စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ လူအင်အား၊
စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သတ္တုလုပ်ငန်းရှင်များ၏ ကုမ္ပဏီများ၊
မြို့မိမြို့ဖလုပ်ငန်းရှင်များ၊ လွယ်စတုံကုမ္ပဏီ၊ အခြားဒေသခံ ကုမ္ပဏီများနှင့်
စည်ပင်သာယာရေးဌာနတို့က ပုန်းထွန်ရပ်ကွက်ရှိ ပင်မရေနုတ်မြောင်း ၂ ခုအား
ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို
တာချီလိတ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ
ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး
လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment