.
တာချီလိတ်၊ မေ ၁၇
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း၏
ဖွဲ့စည်းတည်ထောင်ခြင်း (၂၇) နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းက
တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက
အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း နာယက
ဦးဇော်နိုင်ဦး(ကိုသားကြီး)က အသင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများအား
ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့နောက် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း
ဥက္ကဋ္ဌ ဦးလှဌေးက အသင်း၏ ၂၇ နှစ်တာ ဖြတ်သန်း ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများ၊
အသင်းဖွဲ့စည်းဖြစ်ပေါ်လာပုံနှင့် ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။
.
နှစ်ပတ်လည် အခမ်းအနားတွင် ရွှေတြိဂံမဂ္ဂဇင်း
၂၀၂၆ ခုနှစ် ထုတ်ဝေနိုင်ရေးနှင့် နှစ်စဉ် စဉ်ဆက်မပြတ် ဆက်လက်ထုတ်ဝေနိုင်ရေးအတွက်
ငွေပဒေသာပင် မတည်လှူဒါန်းပေးကြသည့် မြို့မီးလင်းရေးဦးဆောင် ကော်မတီမှ
တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီဂေါကပအဖွဲ့ ဥက္ကဌ ဦးဇော်မြင့်နှင့် အလှူရှင်များအား
ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း
သိရသည်။
.
တာချီလိတ်မြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို
၁၉၉၉ ခုနှစ် မေလ ၁၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်
မြို့နယ်စာရေးဆရာအသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ အသင်းအနေဖြင့် စာပေလောက
ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်မျိုးဆက်များ စာပေအနုပညာအပေါ်
စိတ်ဝင်စားလာစေရေးတို့ကို ရည်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment