Thursday, May 7, 2026

🌸 ကလောမြို့နယ်တွင် ခရီးသည်တင်ကားနှင့် သဲကားတိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံး

.

ကလော၊ မေ ၈

.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာ၊ ပြည်ထောင်စုလမ်းမပေါ်တွင် ယမန်နေ့ မေလ ၇ ရက်၊ ညပိုင်းက ခရီးသည်တင်ကားနှင့် သဲကားတစ်စီး တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.

.
ကလောဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာသော Mini Bus အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီး သည် ယမန်နေ့ မေလ ၇ ရက်၊ ည ၈ နာရီခွဲခန့်က အင်းပြင်ကျေးရွာရှိ ခမရ (၁၁၂) တပ်ရှေ့တွင် ခရီးသည်ချ နေစဉ် လားရာတူ မောင်းနှင်လာသည့် သဲကားတစ်စီးက နောက်မှ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာ အနည်းငယ် ပြင်းထန်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ သဲကားယာဉ်မောင်းအား ကလောမြို့မရဲစခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄ (က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment