.
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
မြို့တော်ခန်းမတွင် ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းက မြန်မာ့ လယ်ယာဖွံ့ဖြိုးဘဏ်၊
ရှမ်းပြည်နယ်ဘဏ်ခွဲ၏ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါ် သန်းသန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး
ဒေါက်တာ လဆိုင်းက ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးကို
အခြေခံသည့် စက်မှုလုပ်ငန်းတည်ဆောက်ရေးကို အထောက်အကူပြုစေရန်အတွက် ၂၀၂၆ ခုနှစ်
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ က စတင်ပြီး နှုန်းထားတိုးမြှင့်ထုတ်ချေးမည်
ဖြစ်ပြီး စပါးသီးနှံအတွက် ယခင်ကျပ်တစ်သိန်းခွဲ မှ ကျပ်သုံးသိန်း၊ အခြားသီးနှံ ၁၈
မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ ကျပ်နှစ်သိန်းခွဲ၊ ပန်းနှမ်း၊ ဆီမုံညှင်း၊
ဂုန်လျှော် သီးနှံ ၃ မျိုးအတွက် ယခင်ကျပ်တစ်သိန်း မှ တစ်သိန်းခွဲသို့
တိုးမြှင့်ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း
ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
ထို့နောက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က တောင်သူ ၂ ဦးကို လည်းကောင်း၊ ပြည်နယ် စီမံကိန်း၊
စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လဆိုင်း က တောင်သူ ၁ ဦး ကိုလည်းကောင်း၊
ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးဦးခွန်သန်းထူးက တောင်သူ ၁ ဦးကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက တောင်သူ ၁ ဦး ကိုလည်းကောင်း၊
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ က တောင်သူ ၁ ဦး
ကိုလည်းကောင်း စိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ချေးငွေလက်ခံရယူသည့်
တောင်သူများကိုဘ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ
စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ
ပေးအပ်ပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊
ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ့
လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊
ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊
ဘဏ်ချေးငွေလက်ခံမည့် တောင်သူ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Agriculture
.

No comments:
Post a Comment