.
.
ဂျပန်နိုင်ငံအခြေစိုက်၊
ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Honda ကတော့ ၁၉၅၅ ခုနှစ်ကစလို့
နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ်အရှုံးပေါ်သွားခဲ့ပါတယ်။ ဒီအခြေအနေက EV
ကားထုတ်လုပ်မှုတွေကို ကား လုပ်ငန်း ကုမ္ပဏီတွေ အကြီးအကျယ်လျှော့ချနေတာရဲ့
နောက်ဆက်တွဲ အကျိုးဆက်လို့တောင် ပြောရ မလားပါပဲ။
.
ဟွန်ဒါအပါအဝင် တစ်ကမ္ဘာလုံးက ကားထုတ်လုပ်သူတွေဟာ
ဒေါ်နယ်ထရမ့် အစိုးရက EV ကား ဝယ်ယူမှု တွေအတွက် ဒေါ်လာ ၇၅၀၀
အခွန်လျှော့ပေးမှုကို ပယ်ဖျက်လိုက်ကတည်းက EV ကား
ထုတ်လုပ်မှုတွေကို လျှော့ချလာခဲ့ကြတာပါ။ အခွန်လျှော့ပေးမှုကို ပြီးခဲ့တဲ့
စက်တင်ဘာမှာ ကြေညာလိုက်ပြီးတဲ့နောက် EV ကား တွေရဲ့
ရောင်းချနှုန်းက သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ မကြာသေးခင်က ဓာတ်ဆီဈေးတွေ ထိုးတက် လာခဲ့လို့
EV ကားတွေ ပြန်ပြီး အရောင်းသွက်လိမ့်မယ်လို့ ထင်ခဲ့ကြပေမဲ့လည်း
ဝယ်လိုအားက သိသိသာသာ တိုးလာတာမျိုး မရှိခဲ့ပါဘူး။
.
ကားကုမ္ပဏီတွေက အမေရိကန်မှာ
ထုတ်လုပ်မှုစည်းမျဉ်းတွေ ပိုပြီးတင်းကျပ်လာဖို့ ရှိတယ်လို့ သုံးသပ် ကြတာကြောင့်
လာမယ့် ၁၀ နှစ်အတွင်း EV ကားထုတ်လုပ်မှု
ရာခိုင်နှုန်းပြည့်နေအောင် ဘီလီယံပေါင်း များစွာ မြှုပ်နှံခဲ့ကြတာပါ။ ဒါပေမဲ့ ထရမ့်အစိုးရက
ဂျိုးဘိုင်ဒန်လက်ထက်မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖျက်သိမ်းလိုက်ပြီး
စည်းကမ်းချိုးဖောက်ရင် ကားထုတ်လုပ်သူတွေ ပေးဆောင်ရမယ့် ငွေဒဏ်ကြီးတွေ ကိုလည်း
ပယ်ဖျက်ခဲ့ပါတယ်။
.
ဒီအပြောင်းအလဲတွေကြောင့် ကားကုမ္ပဏီတွေက
အမြတ်အများဆုံးရတဲ့ ဓာတ်ဆီသုံး ထရပ်ကားတွေနဲ့ SUV ကားတွေဆီ
ပြန်ပြီး အာရုံစိုက်လာကြပြန်ပါတယ်။ ဒါပေမဲ့လည်း EV ရင်းနှီးမြှုပ်နှံမှုတွေမှာ
လက်လွန်ထားခဲ့ ကြတာကြောင့် ကုန်ကျစရိတ်က ထိန်းချုပ်လို့မရဘဲ ဖြစ်သွားခဲ့ရတာပါ။
.
မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ငွေစာရင်းနှစ်အတွက် Honda က ယန်း ၁ ဒသမ ၆ ထရီလီယံ (ဒေါ်လာ ၁၀ ဘီလီယံနီးပါး) အရှုံးပေါ်ခဲ့ပြီး
လာမယ့်နှစ်အတွက် ရနိုင်မယ့် အမြတ်အစွန်းတွေပါ မရှိဘဲ ဖြစ်သွားခဲ့ရ ပါတယ်။ General
Motors ကုမ္ပဏီကလည်း EV အစီအစဉ်ကြောင့် ဒေါ်လာ
၇ ဒသမ ၂ ဘီလီယံ ကုန်ကျမှု ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ အမြတ်ရနေဆဲပဲ
ဖြစ်တဲ့အကြောင်း သိရပါတယ်။ Ford ကတော့ EV သက်ရောက်မှုကြောင့် ဒေါ်လာ ၁၇ ဒသမ ၄ ဘီလီယံကုန်သွားခဲ့ပြီး ၂၀၂၅
ခုနှစ်ငွေစာရင်းမှာ အရှုံးပြခဲ့ ပါတယ်။ ဒီနှစ်ထဲမှာလည်း ထပ်မံကုန်ကျစရိတ်တွေ
ရှိလိမ့်မယ်လို့ Ford ဖက်က တွက်ချက်ထားပါ သေးတယ်။
.
ကားထုတ်လုပ်သူတွေက EV ကားဈေးကွက်မှာ
တရုတ်ကားကုမ္ပဏီတွေရဲ့ ယှဉ်ပြိုင်မှု မြင့်လာတာကိုလည်း စိုးရိမ်နေကြတာပါ။
လက်ရှိအချိန်အထိတော့ တရုတ်ကားကုမ္ပဏီတွေက အမေရိကန်ဈေးကွက်ထဲမှာ
ဝင်ရောက်နိုင်မှုအားနည်းနေပါသေးတယ်။
.
#ShanGazette #International #Honda
.

No comments:
Post a Comment