.
တာချီလိတ်၊ မေ ၁၅
.
တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် ခရိုင်
လူရည်ချွန်မောင်မယ်များအား ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊
ကျောင်းသား/သူများနှင့် မိဘများ၊ ဒေသခံပြည်သူ များက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း
သိရသည်။
.
.အဆိုပါ လူရည်ချွန် ကျောင်းသား/သူများသည် နေပြည်တော်နှင့်
ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ လေလာရေးခရီး သွားရောက်ပြီး ယနေ့တွင် တာချီလိတ်မြို့သို့
ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြေင်း သိရသည်။
.
ပြန်လည်ရောက်ရှိလာသည့် လူရည်ချွန်မောင်မယ်များအား
တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး
ဦးသက်ဦးဆွေ နှင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့်
ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘ ပြည်သူများက
နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကာ ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး ကျောင်းသားကျောင်းသူများက
ပန်းကုံး၊ ပန်းစည်းနှင့် ပန်းများပေးအပ်၍ ဘင်ခရာအဖွဲ့ဖြင့် မကာဟိုခမ်းရပ်ကွက်ရှိ
အခြေခံပညာ အထက်တန်းကျောင်း၊ တာချီလိတ် တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
.
အလားတူ အခြေခံပညာအထက်တန်းကျောင်း၊ ဟောင်လိတ်တွင်
ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင် နှင့် ဆရာ ဆရာမများက
လူရည်ချွန်မောင်မယ်များအား နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းသား
ကျောင်းသူများက ဂုဏ်ပြုပန်းကုံး များ၊ ပန်းစည်းများနှင့် ပန်းများပေးအပ်ကာ
ဘင်ခရာအဖွဲ့ဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment