.
တာချီလိတ်၊ ဧပြီ ၂၈
.
ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့၏ ဝန်းကျင်လေထုအရည်အသွေး
ပြန်လည်ကောင်းမွန်လာသည် ဟု လေထုအရည်အသွေး တိုင်းတာချက်များအရ သိရသည်။
.
.တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏
ဧပြီလ ၂၇ ရက်၊ နံနက် ၇ နာရီမှ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ အချိန်ထိ၂၄ နာရီကြာ
တိုင်းတာရရှိသည့် ဝန်းကျင်လေထု အရည် အသွေးညွှန်းကိန်း(AQI) အခြေအနေ
သည် ၇၇ အဝါရောင် (Moderate) အဆင့်ရှိ၍ လေထုအရည်အသွေးကောင်း
မွန်နေကြောင်း သိရသည်။
.
တာချီလိတ်မြို့၏ ဧပြီလအတွင်း တိုင်းတာချက်များအရ
(201-300) Very Unhealthy ခရမ်းရောင်အဆင့် (၆) ရက်၊ (151-200)
Unhealthy အနီရောင်အဆင့်(၁ဝ) ရက်၊ (101-150) Unhealthy for
Sensitive Groups လိမ္မော်ရောင်အဆင့်(၁၀) ရက် (51- 100) Moderate
အဝါရောင်ရောင်အဆင့် ၃ ရက်ရှိကြောင်း သိရသည်။
.
တာချီလိတ်မြို့၏ လေထုအရည်အသွေးမှာ ဧပြီ ၂၅
ရက်နေ့မှ ယနေ့ ဧပြီလ ၂၈ က်အထိ အဝါရောင် အဆင့်
ရှိလာနေ၍ လေအရည်အသွေးကောင်းမွန်လာကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment