.
လားရှိုး၊ ဧပြီ ၂၈
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင်
ယနေ့ ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များက
လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
.ရှင်းလင်းပွဲတွင် လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာမျိုးထွန်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်တို့က လွှတ်တော်အတွေ့အကြုံများကို
ရှင်းလင်းပြောကြားခဲ့သည်၊
.
ထို့နောက် အခမ်းအနား တက်ရောက်လာသူများက ဒေသအခက်အခဲနှင့်
လိုအပ်ချက်များကို တင်ပြဆွေးနွေး ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း နှင့်
ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီး ခင်မောင်ညွန့်တို့က
ပြန်လည်ဖြေကြားဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ
လားရှိုး၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ သိန္နီ၊ လောက်ကိုင်၊ ပန်ဆန်းနှင့် ဟိုပန်မြို့နယ်များမှ
လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ ၃၀၀ ဦးခန့်တက်ရောက်
ခဲ့ကြောင်း သိရသည်။
.
#ShanGazette #Lashio #Parliament
.

No comments:
Post a Comment