.
တောင်ကြီး၊ ဧပြီ ၂၇
.
တောင်ကြီးမြို့၊ မြို့မဈေး မြောက်ဘက်၊
ကုန်သည်လမ်းပေါ်ရှိ ဆောက်လုပ်ဆဲ ယာယီညဈေး၏ မြေတွင်း အတွင်းသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးကြောင်း
သတင်းများထွက်ပေါ်နေပြီး အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။
.
.“သူ့ဘာသာသူ အရှိန်လွန်ပြီး ပြုတ်ကျတာပါ။ မသေပါဘူး။
အမှုဖွင့်ထားတာ မရှိပါဘူး။ သူများ ထိခိုက်တာမျိုး မရှိပါဘူး” ဟု
တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ
တာဝန်ရှိသူကလည်း “လူနာက ကောင်းပါတယ်။ မနေ့က ဆေးရုံက ဆင်းသွားပါပြီ” ဟု
ပြောဆိုခဲ့သည်။
.
အဆိုပါ အမျိုးသားမှာ မြေတွင်းထဲ ပြုတ်ကျသေဆုံးခြင်းမဟုတ်ဘဲ
ဆိုင်ကယ်အရှိန်လွန်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်အနီးရှိ မြေစာပုံ အတားအဆီးများကို
တိုက်မိခဲ့ခြင်းသာဖြစ်သည်ဟု သိရသည်။
.
လက်ရှိတွင် အမျိုးသားမှာ ဆေးရုံမှ ဆင်းပြီဖြစ်ပြီး
နေအိမ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Taunggyi
.

No comments:
Post a Comment