Wednesday, April 29, 2026

🌸 ကျိုင်းတုံတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံး

.

ကျိုင်းတုံ၊ ဧပြီ ၂၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ ပန်ကွဲတောင်အဆင်းတွင် ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းက ယာဉ်တစ်စီး တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

ကျိုင်းတုံ-‌တာချီလိတ်လမ်း ပန်ကွဲတောင်အဆင်း၊ ပန်လော့ထက ရွာအနီး၌ ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူမှာ အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ လူမှုကူညီရေးအသင်းများမှ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ကျိုင်းတုံပြည်သူ့‌ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

Photo - တိုင်းနေနာရေးကူညီမှုအသင်း

.

#ShanGazette #KyaingTong #Accident

.


No comments:

Post a Comment