Wednesday, April 29, 2026

🌸 တာချီလိတ်တွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

.

တာချီလိတ်၊ ဧပြီ ၂၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ ခန်းမတွင် ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းက ဘိုးဘွားများအား လစဉ် ကျန်းမာ‌ရေးစောက်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြု လှူဒါန်းခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် မြန်မာ-ထိုင်း-လာအို (သုံးနိုင်ငံ) နယ်ခြားကော်မတီ ဆက်ဆံရေးတာဝန်ခံ၊ UBL,BLF Company မန်နေးဂျင်း ဒါရိုက်တာ၊ နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန် (ပထမ)အဆင့် ဦးဘိုလေး က ဘိုးဘွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါး ကုသိုလ်ပြုလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် တာချီလိတ်မြို့မှ ဒေသခံ စေတနာရှင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ဘိုးဘွား ၂၄ ဦးတို့အား သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ လိုအပ်သော ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးစိုင်းဆိုင်ကျောက်က ဘိုးဘွားများအား (၆) ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့်ဆေးဝါးကုသိုလ်ပြုလှူဒါန်းခြင်းအတွက် ဂုဏ်ပြု မှတ်တမ်း လွှာပေးအပ်ရာ နိုင်ငံတော်လူမှုထူးချွန်(တတိယ)အဆင့်၊ ပြည်နယ်လူမှုထူးချွန်(ပထမ)အဆင့် ဦးဘိုလေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment