.
တောင်ကြီး၊ ဧပြီ ၂၉
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ယမန်နေ့
ဧပြီလ ၂၈ ရက်၊ ညပိုင်းက ယောက္ခထီးက သားမက်ဖြစ်သူကို ဓားဖြင့်ထိုး၍ သားမက်ဖြစ်သူ
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ရေမဲလမ်းရှိ
ထမင်းဆိုင်တစ်ခုတွင် ထမင်းဟင်းရောင်းချသည့် အမျိုးသမီး တစ်ဦးသည် ယမန်နေ့ ဧပြီလ ၂၈
ရက်၊ ည ၁၀ နာရီခန့်က ထမင်းဟင်းရောင်းချပြီး ဆိုင်သိမ်းကာ နေအိမ်သို့ ပြန်စဉ်
မြို့မရပ်ကွက်၊ ရေမဲလမ်းထိပ်တွင် ခင်ပွန်းဖြစ်သူ မိုးထက်ဝင်းအား
စောင့်ဆိုင်းနေခိုက် ၎င်း၏ဖခင် ဖြစ်သူ ဦးထွန်းဝေ ရောက်ရှိလာပြီး ခင်ပွန်း
မိုးထက်ဝင်းအား အသင့်ယူဆောင်လာသည့် မီးဖိုချောင်သုံး ဓားဖြင့် ဝမ်းဗိုက်အား
ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဓားထိုးမှုကြောင့် မိုးထက်ဝင်းတွင်
ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိပြီး တောင်ကြီး မြို့၊
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးနေစဉ် ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက် ၈
နာရီခွဲခန့်တွင် ရရှိဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
ယင်းအမျိုးသား မိုးထက်ဝင်း သေဆုံးမှုနှင့်
ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #Crime
.

No comments:
Post a Comment