.
တာချီလိတ်၊ မေ ၅
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့မေလ
၄ ရက်၊ ညနေပိုင်းက Football For School Program အရပြုလုပ်သည့်အားကစားသင်တန်းဖွင့်ပွဲကို
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ကျောင်းသားလူငယ်များ
ကိုယ်လက်လှုပ်ရှားမှုရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၆
ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြိုနယ်အားကစားနှင့်
ကာယပညာဦးစီးဌာနက ကြီးမှူး၍ Football For School Program အရပြုလုပ်သည့်
ဘောလုံး၊ လက်ဝှေ့၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ပြေးစုန်ပစ် အားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း
သိရသည်။
.
သင်တန်းဖွင့်ပွဲတွင်
ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အဖွင့်အမှာစကားပြောကြားပြီး
သင်တန်းသားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။
.
အဆိုပါသင်တန်း ဖွင့်ပွဲသို့
လွှတ်တော်ကိုယ်စားလှယ်များ၊ တာချီလိတ်မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး၊
ဒုတိယမြိုနယ်ပညာရေးမှူး ဦးမြင့်ဝန်းလှနှင့် မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ
တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၁၈၅ ဦး တက်ရောက် ပြီး
သင်တန်းဆရာ ၉ ဦးက ဘောလုံး၊ လက်ဝှေ့၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်
အားကစားများကို မေ ၄ ရက်နေ့မှ ၂၂ ရက် နေ့ထိ ၁၈ ရက်ကြာ
သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment