.
တောင်ကြီး၊ မေ ၅
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်ကွက်ရှိ
Peter ဘားဆိုင်တွင် ယမန်နေ့ မေလ ၄ ရက်၊ ညပိုင်းက အမျိုးသမီးငယ်တစ်ဦး
ဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူမှာ ယင်းဘားဆိုင်တွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့်
အသက် ၁၆ နှစ်အရွယ် မိန်းကလေး တစ်ဦးဖြစ်ပြီး မျက်နှာ၊ လက်နှင့် ဝမ်းဗိုက် တို့တွင်
ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
စုံစမ်းသိရှိချက်အရ ယမန်နေ့ မေလ ၄ ရက် ညပိုင်းက အဆိုပါ
ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် သေဆုံးသူ အမျိုးသမီးငယ်အား စားသောက်ဆိုင်အတွင်း
လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုး ပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့်
ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ကျူးလွန်သူ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူမှာ ယနေ့
မေလ ၅ ရက်၊ နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာသွားသဖြင့် ၎င်းအား ဖမ်းဆီးရမိနိုင်ရေးအတွက်
တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Crime
.

No comments:
Post a Comment