.
တောင်ကြီး၊ မေ ၅
.
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့
အခမ်းအနားကို ယနေ့ မေလ ၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့အထွက် ၂ မိုင်ရှိ
ခရိုင်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကား ပြောကြားပြီး ရဲကျော်သူတံဆိပ်၊
လူမှုထူးချွန်တံဆိပ်နှင့် သင်တန်းထူးချွန်ဆုရသူများ၊ စခန်းသာယာလှပရေးဆုများအား
ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက
ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်များကို သရုပ်ပြသ ခဲ့ပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော
မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်း ကိရိယာများကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #FSD #Government
.

No comments:
Post a Comment