Wednesday, May 6, 2026

🌸 အေးသာယာတွင် အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး

.

တောင်ကြီး၊ မေ ၆

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်တွင် ယနေ့ မေလ ၆ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ အုတ်တိုင်းကာရံထားသည့် ၆ ကွက်တွဲ ခြံဝင်းတွင် ယနေ့ မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်က အမည်မသိ၊ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးအား နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ မျက်နှာပြင် ဖူးရောင်ဒဏ်ရာ၊ နှုတ်ခမ်းကွဲအက်ဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ စိုးရိမ်ရ တို့ဖြင့် သတိလစ် မေ့မျောနေသည်ကို တွေ့ရှိခဲ့ပြီးနောက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ အမျိုးသား၏ အမည်၊ နေရပ်ကို စုံစမ်းနေဆဲဖြစ်ပြီး ကျူးလွန်သူကိုလည်း ဖမ်းမမိသေးကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုထားသည်။

.

အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ အေးသာယာနယ်မြေရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

#ShanGazette #AyeTharYar #Crime

.


No comments:

Post a Comment