Thursday, May 7, 2026

🌸 ဝန်ထမ်း အမျိုးသမီးငယ်အား သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဘားဆိုင်ပိုင်ရှင်ကို တုံတာမြို့တွင် ဖမ်းမိ

.

တောင်ကြီး၊ မေ ၇

.

တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်မှ ဝန်ထမ်းမိန်းကလေးငယ်ကို သေဆုံးသည်ထိ ရိုက်နှက်ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့တွင် ယမန်နေ့ မေလ ၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.



.

ထွက်ပြေးတိမ်းရှောင်နေသူ ဘားဆိုင်ပိုင်ရှင်အောင်မျိုးသူ(ခ) ပီတာ သည် ပြစ်မှုကို နောင်တရပြီး တုံတာနယ်မြေရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

၎င်းအား လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တောင်ကြီးမြို့၊ မြို့မရဲစခန်းသို့ လွှဲပြောင်း ခေါ်ဆောင်လာမည် ဖြစ်ကြောင်း သိရသည်။

.

Peter ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ သည် မေလ ၄ ရက်၊ ညပိုင်းက သေဆုံးသူ အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှု မရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

#ShanGazette #Taunggyi #Crime 

.

No comments:

Post a Comment