.
တောင်ကြီး၊ မေ ၇
.
ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့ ယနေ့ မေလ ၇ ရက်၊ နေ့လယ်ပိုင်းက
တောင်ကြီးမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးမည့် တာဝန်ရှိသူ
၂ ဦးအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပြခန်းများအား
လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ
ဒုတိယရဲမှူး မျိုးသန့်က ယာဉ်တိုက်မှုအန္တရာယ် စုပေါင်းကာကွယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊
ရှမ်းပြည်နယ်ကုန်းလမ်းပို့ဆောင်မှုဦးစီးဌာန၊ ယာဉ်မောင်း စစ်ဆေးရေးဌာနမှ စစ်ဆေးရေးမှူး-၂
စိုင်းကြည်တင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး
ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်၊
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊
ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၊
တောင်ကြီး ပညာရေးဒီဂရီကောလိပ် သင်တန်းသား/ သင်တန်းသူများ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ
သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Government
.

No comments:
Post a Comment