Saturday, May 9, 2026

🌸 တာချီလိတ်မြို့ ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ရေမြောင်းများအတွင်းရှိ ရွှံ့နွံများ စုပေါင်းဆယ်ယူ

.

တာချီလိတ်၊ မေ ၉

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းက ရေမြောင်းများ၊ ရေချောင်းများအွင်းရှိ အမှိုက်သရိုက်များ၊ ရွှံ့နွံများကို စက်ယန္တရားများ၊ လူအင်အားတို့ဖြင့် စုပေါင်းဆယ်ယူ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ ရေချောင်းနှင့် ရေမြောင်းများအတွင်း အမှိုက်သရိုက်များ၊ ရွှံ့နွံ့များကို ဦးစားပေး အဆင့်အလိုက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မေလ ၉ ရက်၊ နံနက်ပိုင်းတွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ ၁၂ လမ်း၊ ချောင်းအတွင်း အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နုံးသဲများ ရှင်းလင်းခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင်၍ လူအင်အား၊ စက်ယန္တရားများဖြင့် စုပေါင်းဆယ်ယူ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

တာချီလိတ်မြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်ပြီး နှစ်စဉ် မိုးရာသီကာလတွင် မိုးရွာသွန်းမှု များပြားတိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

.

#ShanGazette #Tachileik

.

No comments:

Post a Comment