.
နမ့်စန်၊ မေ ၉
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊
ဟိုက်ဖက်ကျေးရွာအုပ်စု၊ တံတားဖြူအနီးတွင် ယမန်နေ့ မေလ ၈ ရက်၊ ညပိုင်းက လူနာတင်ယာဉ်
တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.လင်းခေးမြို့ရှိ ပရဟိတအသင်းတစ်ခု၏ လူနာတင်ယာဉ်သည်
မေလ ၈ ရက်၊ ညပိုင်းက လူနာအမျိုးသားနှင့် လူနာစောင့် အမျိုးသမီးတစ်ဦးအား တင်ဆောင်၍ တောင်ကြီးမြို့သို့
မောင်းနှင်လာစဉ် နမ့်စန်-မိုးနဲသွားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၀)နှင့် (၁၆/၁)အကြား၊
တံတားဖြူအနီး အရောက်တွင် မော်တော်ယာဉ် လက်ကိုင်ဂွေ တိုက်ရော့ပြုတ်ကာ လမ်းဘေး
လျှိုအတွင်းသို့ ထိုးကျတိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ် တိမ်းမှောက်မှုကြောင့် လူနာစောင့် ဖြစ်သည့်
မိုးနဲမြို့နေ မခမ်းစန်တွင် စိုးရိမ်ရ ဒဏ်ရာများ၊ လူနာဖြစ်သူ ဦးကျော်အေးတွင် မစိုးရိမ်ရ ဒဏ်ရာများ
ရရှိခဲ့သောကြောင့် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု
ခံယူစေသော်လည်း မခမ်းစန်မှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ယာဉ်၏ ကြံ့ခိုင်မှုအား စစ်ဆေးခြင်း
မရှိဘဲ မောင်းနှင်သဖြင့် ယာဉ်ပေါ် ပါသူများအား သေဆုံး၊ ဒဏ်ရာ ရရှိအောင်
မောင်းနှင်သူ ယာဉ်မောင်း စိုင်းကျော်ဝင်း အား နမ့်စန်မြို့မရဲစခန်း၌ ရာဇသတ်ကြီး
၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
#ShanGazette #NamSam #Accident
.

No comments:
Post a Comment