.
တောင်ကြီး၊ မေ ၉
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
မြို့တော်ခန်းမတွင် ယနေ့ မေလ ၉ ရက်၊ နံနက်ပိုင်းက မြန်မာနိုင်ငံ
လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍
လူငယ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာ
ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမောင်သင်းက အခမ်းအနားသို့ တက်ရောက်လာသည့်လူငယ်များအား လမ်းညွှန်အမှာစကား
ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးသန်းမောင်က အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက်
ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်း ဥက္ကဌ၊ ခွန်နေမျိုးက
ရှမ်းပြည်နယ်လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ
များကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာသည့်
လူငယ်လုပ်ငန်းရှင်များက သိရှိလိုသည်များကို တင်ပြဆွေနွေး မေးမြန်းခဲ့ပြီး
ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက တွေ့ဆုံပွဲ တက်ရောက်လာသော တိုင်းရင်းသားလူငယ်များအား
လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။
.
#ShanGazette #Taunggyi #Youth
.

No comments:
Post a Comment