Tuesday, May 19, 2026

🌸 တာလေတွင် တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေး

.

တာချီလိတ်၊ မေ ၂၀

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုတွင် ဒေသအတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့ မေလ ၂၀ ရက်၊ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရက်(၁၀၀) တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါက်တာကျော်ကျော်စိုးနှင့် ဝန်ထမ်းများက ဒေသကျွဲ၊ နွား တစ်နိုင်တစ်ပိုင် မွေးမြူသူများအား တွေ့ဆုံ၍ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများ ရှင်းလင်း ဟောပြောကြားခဲ့ကြောင်း သိရသည်။

.

ထို့နောက် ကျွဲ၊ နွားမွေးမြူသူများအား ခြံဖျန်းပိုးသတ်ဆေးများ ပေးအပ်ခဲ့ပြီး ကာကွယ်ဆေးထိုးစီမံချက်အရ မယ်ပိန်း၊ နားအွန်၊ ပါနော့ကျေးရွာ အတွင်းရှိမွေးမြူထားသည့် ဒေသကျွဲကောင်နှင့် ဒေသနွား ၂၅၀ ကောင် အား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

.

ဒေသအတွင်း မွေးမြူထားသော ကျွဲ၊ နွားများတွင် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တိရစ္ဆာန်များ၏ ကျန်းမာရေးကောင်းမွန်စေရေးနှင့် ဒေသခံ မွေးမြူသူများ၏ စီးပွားရေးထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးတို့အတွက် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

.

#ShanGazette #TarLay

.

No comments:

Post a Comment