.
တောင်ကြီး၊ မေ ၂၁
.
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ် ကျောင်းအပ်နှံရေးသီတင်းပတ်
မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ မေလ ၂၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ်
(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် ၂၀၂၆-၂၀၂၇ ပညာင်နှစ် ရှမ်းပြည်နယ်
ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ စိုင်းထွန်းစိန်နှင့်
တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။




