.
တာချီလိတ်၊ မေ ၁၉
.
တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏
အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ် တင်မြှောက်ပွဲကို ယနေ့ မေ ၁၉ ရက် ညနေပိုင်းက တာချီလိတ်မြို့၊
မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်စာရေးဆရာအသင်းရုံး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
.အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ
ဦးလှဌေးက အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက် ခြင်းဆိုင်ရာ
စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာအသင်း နာယက
ဦးစိုးစိုးက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း
သိရသည်။
.
ထို့နောက် တက်ရောက်လာသူများနှင့်
ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့က အရွေးချယ်ခံပုဂ္ဂိုလ်များအား
ရွေးချယ်တင်မြှောက်ခဲ့ကြရာ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဦးလှဌေး၊
အတွင်းရေးမှူးအဖြစ် ဦးဝေယံဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းဇော်မိုးတို့ကို
ရွေးချယ်ခဲ့ပြီး အမှုဆောင်များအဖြစ် ဒေါက်တာကျော်စွာမြင့်နှင့် ဦးမြင့်ဝင်းလှ
တို့အား ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ အလုပ်အမှုဆောင်အဖွဲ့သစ်
ရွေးချယ်တင်မြှောက်ပွဲသို့ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇင်ထက်ဝေနှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်
ခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ကို
၁၉၉၉ ခုနှစ် မေလ ၁၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်
မြို့နယ်စာရေးဆရာအသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ အသင်းအနေဖြင့် စာပေလောက
ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်မျိုးဆက်များ စာပေအနုပညာအပေါ် စိတ်ဝင်စားလာစေရေးတို့ကို
ရည်မှန်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#ShanGazette #Tachileik
.

No comments:
Post a Comment