.
တာချီလိတ်၊ မေ ၂၀
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊
နားယောင်းကျေးရွာအုပ်စုတွင် ဒေသအတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ
ကြိုတင်ကာကွယ်နိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့်
မွေးမြူသူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့ မေလ ၂၀ ရက်၊
နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရက်(၁၀၀)
တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ တာလေမြို့အုပ်ချုပ်ရေးမှူး
ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါက်တာကျော်ကျော်စိုးနှင့်
ဝန်ထမ်းများက ဒေသကျွဲ၊ နွား တစ်နိုင်တစ်ပိုင် မွေးမြူသူများအား တွေ့ဆုံ၍
တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာများ ရှင်းလင်း ဟောပြောကြားခဲ့ကြောင်း
သိရသည်။


