.
တောင်ကြီး၊ မေ ၂၁
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ဒေသ၏
ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေး ကိစ္စရပ်များနှင့်
ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမြန်း ဆွေးနွေးတင်ပြသွားရန် ရှိနေသည်ဟု
သီပေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံ ထံက
သိရသည်။
.
.“မကြာခင် မိုးတွင်းကာလ ရောက်တော့မယ်။ ကျွန်တော်ကိုယ်တိုင်လည်း
ကွင်းဆင်းကြည့်တဲ့အခါမှာ တချို့ သောဒေသတွေက ပြည်ထောင်စုလမ်းမကြီးနဲ့ နီးပေမဲ့
သွားရေးလာရေး ခက်ခဲနေတာရှိတယ်။ လမ်းပိုင်း မကောင်းတဲ့အတွက်
ဒေသဖွံ့ဖြိုးရေးတွေနောက်ကျတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းတွေမှာ သွားပြီးတော့
သက်ရောက်မှုရှိပါတယ်။ ဒီလမ်းပိုင်းတွေကို အဆင့်မြှင့်တင်ပေးနိုင်ရန် ရှိ/မရှိ
မေးခွန်းမေးဖို့ ရှိပါတယ်။ နောက်ပြီးတော့ ဒေသရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့
သက်ဆိုင်တဲ့ မေးခွန်းပါ။ ဒါတွေကို လွှတ်တော်မှာ မေးခွန်း မေးမြန်း ဆွေးနွေးဖို့
ရှိပါတယ်” ဟု စိုင်းကောင်းသက်စံက ပြောသည်။

