.
လားရှိုး၊ မေ ၂၃
.
လားရှိုးမြို့နယ် စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့်
အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကို ယနေ့ မေလ ၂၃ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အစည်းအဝေးတွင် လားရှိုးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ်
ဦးသောင်းလွင် (ဆရာနေမျိုးနွယ်)၊ အတွင်းရေးမှူးအဖြစ် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)
နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်စန္ဒာကြူ တို့ကို ရွေးချယ် အတည်ပြုခဲ့ပြီး ညီလာခံကိုယ်စားလှယ်အဖြစ်
ဒေါ်စန္ဒာကြူကို ရွေးချယ်အတည်ပြုခဲ့ကြကြောင်း သိရသည်။



