.
တာချီလိတ်၊ မေ ၂၂
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တပ်နယ်အစည်းအဝေး
ခန်းမတွင် ယနေ့ မေလ ၂၂ ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့၊ ဝါတွင်းကာလ ဆရာတော် သံဃာတော်များအား
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများက ဒေသခံ ပြည်သူများ
စုပေါင်းပါဝင်လှူဒါန်းနိုင်ရေး၊ သံဃာတော်များအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့်
ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေး၊ လုပ်ငန်းတာဝန်များကို စနစ်တကျ ခွဲဝေသတ်မှတ်
ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင် စီမံဆောင်ရွက်ထားရှိနိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
