.
တောင်ကြီး၊ ဇန်နဝါရီ ၁၉
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင်
ကျောင်းအုပ်၏ သားဖြစ်သူက အဆောင်နေ Grade-12 ကျောင်းသူတစ်ဦးကို
အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းတွင်
ကျောင်းတက်နေသော Grade 12 ကျောင်းသူတစ်ဦး သည် ဇန်နဝါရီလ ၁၅
ရက်၊ နေ့လယ်ပိုင်းက ခေါင်းကိုက်သည်ဟုဆိုကာ ဆရာမထံခွင့်တောင်းပြီး အဆောင်၌ ပြန်နားနေစဉ်
အဆိုပါကျောင်းမှ ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး အလိုမတူဘဲ အဓမ္မပြုကျင့်မှု
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမှုမှ ပြစ်မှုကျူးလွန်သူကို
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းပေါ်ရှိ တောင်ကြီးဟိုတယ်
အနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီး
ပုဒ်မ ၃၇၆ ဖြင့် နစ်နာသူဘက်မှ
အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယမန်နေ့ ဇန်နဝါရီလ
၁၈ ရက်၊ ညပိုင်းတွင် အဆောင်နေ ကျောင်းသား/ ကျောင်းသူများ၏ အုပ်ထိန်းသူမိဘများက အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတာဝန်ခံ
ဒေါ်အေးမြနွယ်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ၎င်းတို၏ သား/သမီး
စိတ်/ခန္ဓာလုံခြုံရေးအရ ကိုယ်ပိုင်ကျောင်း၌ ညအိပ် ညနေ တက်ရောက်သူ ကျောင်းသူ ၃၈ ဦးအား
အုပ်ထိန်းသူမိဘများမှ အသီးသီးပြန် လည်ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
.
အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် သင်ကြားရေး ဆရာ/ဆရာမ
၂၆ ဦး၊ စီမံဝန်ထမ်း ၉ ဦး၊ စုစုပေါင်း ၃၅ ဦး ရှိပြီး လက်ရှိအဆောင်၌
ကျောင်းတက်ရောက်နေသူ ကျောင်းသား ၁၇၈ ဦး၊
ကျောင်းသူ ၂၄၆ ဦး၊ စုစုပေါင်း ၄၂၄ ဦးရှိကာ
ညအိပ်ညနေ တက်ရောက်သူ ကျောင်းသား ၁၀၁ ဦး၊ ကျောင်းသူ ၁၀၆ ဦး၊ စုစုပေါင်း
ကျောင်းသား/သူ ၂၀၇ ဦး ရှိကြောင်း သိရသည်။
.
#ShanGazette #Taunggyi #PrivateSchool #Crime
.

No comments:
Post a Comment